အပိုင်း(၄၁)

Start from the beginning
                                    

Solo album ထွက်ရှိဖို့ တစ်ချို့သီချင်းတွေကို ပရိတ်သတ်ဆီ ကြောငြာပြီးသားဖြစ်နေသော အဆိုတော် သွဲ့ပန်းချီ၏ တစ်ကိုယ်တော် album မှာ နောက်ဆုံး အပိတ်သီချင်းအနေနဲ့ မျက်နှာသစ်အဆိုတော်တွေက ဗန်လွယ်အွေ့နဲ့ duet song လေး သီဆိုပါရစေလို့ ဂီတမူးကိုပိုင်ကတဆင့် ထပ်ကာထပ်ကာ တောင်းဆိုနေပြန်တော့ May Entertainment founder သော်စစ်ပိုင်တစ်ယောက် ဗန်လွယ်အွေ့ရဲ့ ကာမပိုင်ခင်ပွန်းဖြစ်သော ငယ်သူချင်းကြီး ပြေ့ဘုန်းမာန်ဆီ ကိုယ်တိုင်လာရောက်တောင်းဆိုမိနေခြင်း။

" ငါပြောပြီးသား ငါအနေနဲ့ကတော့ duet song မပြောနဲ့ ငယ်လေးရဲ့ solo album တောင် ငါတစ်ယောက်တည်းအတွက်ပဲ ထုတ်ပေးချင်တဲ့ကောင် ၊ ငွေမလိုဘူး ငယ်လေးစိတ်ပျော်နေဖို့ပဲ လိုတာ...အောင်မြင်မူလား....ငါပန်းခင်းသလို ခင်းပေးလိုက်မယ်...အရာရာငါ ဖန်တီးပေးနိုင်တယ် တစ်ခုပဲ public areas တွေမှာ ငယ်လေးရဲ့ ချို့ယွင်းချက်ကို စွေကြည့်ရဲတဲ့သူတောင် လူမသိသူမသိ အဆုံးသတ်ပေးဖို့ထိ အဆင့်သင့်ပဲ.....ဆိုးကျိုးတွေ ဖြစ်မလာခင် ငယ်လေးကို ငါရင်ခွင်အောက်ပဲ ထားချင်တယ် သော်စစ်ရာ...ငါ့ရဲ့dark side ကိုလည်း ကလေးငယ် မသိစေချင်ဘူး..ဒါတွေက ငါမှားခဲ့လို့လည်း မဟုတ်ဘူး...ငါ ချစ်လို့ ငါတစ်ခါမှားခဲ့ပြီးပြီ သေလောက်အောင်လည်း နာကျင်ရသလို ငါ့ကသာ အမှားတွေအထပ်ထပ်မို့ ငယ်လေးကို ဘာမှမခံစားစေချင်ဘူး ...ဘာမှလည်းအဖြစ်မခံနိုင်ဘူး သော်စစ်"

" အေးပါကွာ....."

လက်ထဲက အရက်ခွက်လေးကို လူပ်သောက်ကာ မှန်ပြတင်းတွေမှတဆင့် မြင်နေရသော မြို့တော်၏ ညအလှကို အတိတ်အရိပ်တွေကြောင့် နာကျင်ခြင်းရသကို သော်စစ်သိအောင် ဖော်ပြနေလေရဲ့...။

" ကလေးငယ်ကို ငါအပြည့်အဝ မချစ်ပေးရသေးခင် ပြင်ပက ရူံ့ချသံတွေကြောင့် စိတ်ဒဏ်ရာရမှာ ငါအကြောက်ဆုံးပဲ သော်စစ်....ခုချိန် ငါခေါင်းထဲ ရှိနေတာ ကလေးငယ် စိတ်ချမ်းသာစေဖို့ ငါဘယ်လိုဖန်တီးပေးရမလဲ ဆိုတာပဲ သိတယ် ဒါငါ့အမှားကြောင့်မဟုတ်ဘူး.....သူ့အနားမနေပေးခဲ့ရတဲ့ အတိတ်ကအရိပ်မှောင်တွေကနေ ကလေးငယ်ကို လွတ်မြောက်စေချင်တာ....သူသိပ်ချစ်တဲ့ တေးသီချင်းတွေ ဖန်တီးပြီး အချစ်ခံရတဲ့ ဘဝမှာ ငါအေးချမ်းချမ်းလေးလုံခြုံအောင် ဖန်တီးပေးနေမှာ..."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now