𝐒𝐄𝐕𝐄𝐍 1

Start from the beginning
                                    

အတည်ပေါက်ကြီးပြောလာသည့် ဒယ်ဒီကြောင့် ဂျောင်ကုငြိမ်၍သာခေါင်းငြိမ့်မိသည်။

"သားမှာအမေရိကန်သွေးပါတာသိပေမယ့် ဒီကလိုမျိုးတော့မိန်းမ မရူပ်စေချင်ဘူး"

ဂျောင်ကုဒယ်ဒီပြောတာကိုသဘောပေါက်ပါသည် လွတ်လပ်စွာနေထိုင်ကြသည့် နိုင်ငံမှာ မိန်းမနဲ့ယောင်္ကျားမှားကြပြီး ကလေးရမှလက်ထပ်ကြတာမျိုးရှိသည် အရွယ်ရောက်သည့်သူ့အဖို့ရာ ဒယ်ဒီက ကြိုတင်သတိပေးနေပုံပါပဲ။

"သားကအမေရိကန်သွေးပါပေမယ့် ကိုရီးယားသွေးလဲပါပါတယ်နော် သားရည်းစားတွေများပေမယ့် အဲ့ကိစ္စမပြောနဲ့ ခုချိန်ထိတောင် ဒယ်ဒီသားကဘယ်သူကိုမှ မနမ်းဘူးသေးပါဘူးဗျာ အသန့်ပါ"

ဒယ်ဒီကသူ့ကိုကြည့်ကာ ပြုံး၍ခေါင်းခါကာ ဒီကောင်မလွယ်ဘူးဆိုသည့်သဘော။

"သားမာမီဆုံးတာရှေ့၂ရက်ဆို 23နှစ်ပြည့်ခဲ့ပြီ ဒီနှစ်ရော ဒယ်ဒီနဲ့လိုက်ခဲ့အုန်းမှာလား"

"ဒီမေးခွန်းကသားကိုမေးနေစရာမလိုပါဘူး လိုက်ကိုလိုက်ခဲ့ရမှာပေါ့"

"ဒီမှာသားသူငယ်ချင်းတွေနဲ့ မွေးနေ့မှာပျော်ချင်မလားလို့ပါ"

ဂျောင်ကုခေါင်းခါ၍သာ ဒယ်ဒီကိုပြုံးပြမိ၍။

"မနက်ဖြန်ဆိုသွားမှာမလားဒယ်ဒီ သားအထုတ်တွေသွားပြင်လိုက်တော့မယ်"

ရှေ့၂ရက်ဆိုမာမီဆုံးတာ23နှစ်ပြည့်သွားပြီဖြစ်ပေမယ့် ထိုနေ့ကလဲသူ့အသက်23နှစ်ပြည့်တဲ့နေ့ဖြစ်သည်၊ သူနဲ့ဒယ်ဒီအမေရိကန်မှာအခြေချနေထိုင်ခဲ့ပေမယ့် မာမီနှစ်ပတ်လည်နေ့ရောက်တိုင်း ဆိုးလ်ကိုရောက်ဖြစ်သည်၊ ယောင်္ကျားလေးသဘာဝအရ‌အပျော်ပါးလိုက်ပေမယ့် ထိုနေ့ကတော့ဂျောင်ကုကိုတည်ငြိမ်စေသည် သူသိတတ်တဲ့အရွယ်ထဲကမွေးနေ့ဆိုတာ တစ်ခြားလူတွေလိုပျော်စရာကောင်းတဲ့ အမှတ်တရရယ်လို့မှမရှိခဲ့ပဲ။

***********

ထယ်ယောင်းအောက်ထပ်ကဆူညံဆူညံအသံတွေကြောင့် အိပ်ယာနိုးလာရတော့၏၊ ထိုဆူညံသံများက ဆူးမီရောက်၍ကြားရသည့်အသံသာဖြစ်သည်ဆိုတာ ထယ်ယောင်းပြေးကြည့်စရာပင်မလိုပါ၊ ထယ်ယောင်းခေါင်းကိုအသာခါလိုက်ပြီး သန့်စင်ခန်းအားဝင်၍ မျက်နှာသစ်သွားတိုက်လုပ်ကာ တစ်ခါတည်းရေချိုးလိုက်တော့သည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now