"Part-21"

4.6K 270 12
                                    

Unicod

"ဖေဖေတို့ကို သမီးတစ်ခုတောင်းဆိုပါရစေ..ကျေးဇူးပြုပြီးဖေဖေ့လူတွေကို သမီးဆီမလွှတ်ပါနဲ့ အခုဆို ဖေဖေ့လူတွေက သမီးကျောင်းရှေ့ထိ ရောက်လာပြီ..သက်ထားက ဆရာမတစ်ဦးပါဖေဖေ ကလေးတွေအထင်အမြင်လွဲမှာကို သက်ထားစိုးရိမ်တယ်"

"ငါ့သမီးလုပ်နေပြီး ဘာလို့ပတ်ဝန်းကျင်ကိုဂရုစိုက်နေမှာလဲ"

"စိုက်သင့်ရင်တော့ စိုက်ရမယ်လေဖေဖေရဲ့..သမီးက ကလေးတွေရဲ့ဆရာမတစ်ဦး ကလေးတွေ လေးစား‌အားကျအောင်နေရမဲ့ ဆရာမတစ်ဦးက အခုလို ယောင်္ကျားသားအများကြီးပါတဲ့ ကားအနက်ရောင်ကြီးပေါ်ကိုတက်တက်သွားရတာက ကလေးတွေအမြင်မှာကော ကလေးမိဘတွေအမြင်မှာကောာမသင့်တော်ဘူးလေ"

"ကောင်းပြီ‌..ဒီတောင်းဆိုမှုကိုတော့လိုက်လျောပေးမယ်..ဒါပေမဲ့ဖေဖေ့ရဲ့တောင်းဆိုမှုကိုလည်း သမီးပြန်လိုက်လျောပေးရမယ်"

"ဘာတောင်းဆိုမှုလဲ ဖေဖေ"

"နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ် ဒယ်ဒီ..ကျွန်တော် ဒယ်ဒီခိုင်းထားတဲ့အလုပ်လေးမပြီးသေးတာလက်စသတ်နေလို့ပါ"

သက်ထားတို့စကားဝိုင်းထဲကို ဖြတ်ပြောလာတဲ့ ကိုသွေးကိုမြင်တော့ သက်ထားစိတ်ထဲဘဝင်မကျတော့ပေ။ကိုသွေးကိုပါ ဖေဖေက ခေါ်ထားတာလား..ဒါဆို ဖေဖေ့ရဲ့တောင်းဆိုမှုက သေချာပေါက်ကိုသွေးနဲ့ဆက်စပ်နေတဲ့ တောင်းဆိုမှုပဲ ဖြစ်လိမ့်မည်။

"ရပါတယ်ကွ..ဒယ်ဒီ့အလုပ်တွေကိုကြိုးစားပေးနေတဲ့ငါ့သားကို ဒယ်ဒီအပစ်မမြင်ပါဘူး လာ ဒီမှာလာထိုင် ဒယ်ဒီပြောစရာရှိတယ်"

"ဟုတ်ဒယ်ဒီ..အာ သက်လည်းရောက်နေတာပဲ"

"အွန်း မင်းတို့နှစ်ယောက်စလုံးကိုပြောစရာရှိလို့"

"ဟုတ်ပြောပါ"

"မင်းတို့နှစ်ယောက် စေ့စပ်ထားလိုက်တော့"

"ရှင်"

"ဗျာ"

သက်ထားရဲ့အသံက သိပ်ကိုအံ့ဩပြီးတုန်လှုပ်သွားတဲ့အသံပေါက်နေပေမဲ့ကိုသွေးရဲ့အသံကတော့သိပ်ကိုဝမ်းသာသွားတဲ့အသံပင်။

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now