"Part-22"

4.7K 274 6
                                    

Unicod

မြတ်နိုး အရင်လို တီချယ့်ကို အကြာကြီး စိတ်မဆိုးတော့ပါ..မဖြစ်နိုင်ဘူးဆိုတဲ့အရာကြီးကိုလက်ခံလိုက်ပြီးတဲ့နောက်မှာတော့ အရင်လိုပြသာနာတွေလည်းမရှာတော့။မြတ်နိုးရဲ့ ထွေပြားနေတဲ့ စိတ်တွေကိုရှင်းလင်းပြီးတဲ့နောက် အရင်လို ဆရာတပည့်မကျ ပုံစံလေးနဲ့ပဲဆက်နေနေလေသည်။

"တီချယ်"

"ရှင်"

"သမီးတို့ နှစ်ယောက်ရဲ့လမ်းက အရမ်းကိုခက်ခဲကြမ်းတမ်းတယ်နော်..ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့လမ်းကိုလျှောက်နေရပြီး‌တော့ပန်းခင်းလမ်းကြီးကိုလည်းမတွေ့..အချစ်စစ်ရင် အခက်အခဲဆိုတာကြုံရတာပဲတဲ့ ပြီးရင်အဆင်ပြေသွားမှာတဲ့ သမီးတို့ကျတော့ဘာလို့ အဆင်မပြေတာလဲဟင်"

"ဘယ်လိုပြောပြရမလဲ ကံကြွေးပါလာတာလို့ပဲပြောရမလား..ဒါမှမဟုတ် တို့နဲ့ကလေးက အချစ်စစ်ပေမဲ့ အချိန်မှန် မဟုတ်ဘဲတွေ့ခဲ့ကြလို့များလား..သေချာတာကတော့ တို့ ကလေး‌အပေါ်မှာထားတဲ့အချစ်တွေကလည်း စစ်မှန်သလို တို့အပေါ်မှာထားတဲ့ကလေးရဲ့အချစ်တွေကလည်းစစ်မှန်ပါတယ်"

"ဘယ်ချိန်မှာ သေမယ်မှန်းမသိတဲ့ လူ့ဘဝကြီးမှာလေ မြတ်နိုး တီချယ့်ကိုတော့ပိုင်ဆိုင်သွားချင်တယ်..မြတ်နိုး အများကြီး မတောင်းဆိုဘူးသိလား တစ်ရက်လေးပဲ တစ်ရက်လေးပဲတီချယ့်ကိုပိုင်ဆိုင်ချင်တယ် ကံတရားကြီးကိုအော်ပြောလို့ရရင်ပြောချင်မိပါရဲ့ လောဘမကြီးဘဲတောင်းဆိုတဲ့ ဒီတောင်းဆိုမှုလေးကိုတော့ လိုက်လျောပေးဖို့"

"အခုလည်း တို့က ကလေးအပိုင်ပါပဲကွယ်"

"မတူဘူးတီချယ်ရဲ့...သက်ဆိုင်သူရှိနေတဲ့တီချယ့်ကို မြတ်နိုးက ဘယ်ပိုင်ပါ့မလဲ မြတ်နိုးက တီချယ့်ကိုတရားဝင်ပိုင်ချင်တာ..အဲ့လိုလေးသာ ပိုင်ခွင့်ရရင် တစ်ရက်လောက်ပဲ နောက်နေ့သေဆိုလည်းမြတ်နိုးသေပျော်တယ်တီချယ်"

"ဘာလို့ ‌အဲ့လိုတွေပြောရတာလဲ ကလေးရယ်..တီချယ်နဲ့ကလေးက မတန်ပါဘူး တီချယ့်ထက်ပိုကောင်းတဲ့သူနဲ့ကလေးဆုံရအုံးမယ်လေ သေမယ်ဆိုတဲ့စကားလုံးကြီးကိုတော့မပြောပါနဲ့ ကလေးမှာ သိပ်ကိုလှပတဲ့ အနာဂတ်လေးရှိသေးတယ်လေ"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now