10

216 24 0
                                    


လူတိုင်းက အမှားလုပ်ဖူးကြတယ်။ တစ်စက္ကန့်လွန်သွားချိန် နောင်တရစရာလို့တွေးမိတဲ့ တစ်ခုဟာ တစ်ခါတစ်လေမှာ ဘဝအချိုးအဆစ်ကိုပါ ပြောင်းလဲပေးနိုင်တယ်။

လေထုညစ်ညမ်းမှုဒဏ်ကြောင့် ပေကျင်းရဲ့လေထုထဲမှာ မီးခိုးရောင်မြူငွေ့တွေနဲ့ပြည့်နှက်နေတယ်။ ပိတ်ထားတဲ့ကားမှန်ဆီ ထိစက်လာတဲ့ မိုးရေတွေထဲ အက်စစ်တွေပါလားမလားတောင် စိုးရိမ်ရတယ်။ ကားနောက်ခန်းထဲကနေတစ်ဆင့် မြင်နေရတဲ့ အရိပ်တွေဟာ အဖြူရောင်နဲ့မီးခိုးရောင်တွေသာဖြစ်ပြီး အညိုရောင်ကတော့ ပျောက်ဆုံးနေတယ်။

ယူဂျင်းဟာ သူ့ရဲ့မူပိုင်အဖြစ်သတ်မှတ်ချင်ခဲ့တဲ့ အညိုရောင်ကို ဟောင်ကောင်မှာ ပျောက်ဆုံးခဲ့တယ်။

မေးခွန်းတွေဆို ကျော်မသွားတတ်တဲ့ ဂယူရဲ့ဆံပင်တွေဟာ ဆေးဆိုးထားသလားဆိုတာကိုတော့ ယူဂျင်းအခုထိမသိရသေးဘူး။ တကယ်လို့ ဆေးဆိုးထားရိုးမှန်ရင်တောင် ဆက်ပြီးပဲဆေးဆိုးထားစေချင်တယ်။ ဒီအတိုင်းဆိုလဲ ကွဲပြားနေမှာမှန်ပေမဲ့ ယူဂျင်း ဂယူ့ကိုလူတွေကြားထဲမှာ ဦးဆုံးရှာတွေ့ချင်မိတယ်။ ပြန်တွေ့ရင် သေသေချာချာလေး ‘ ဟျောင်း~ ’ လို့လည်းခေါ်ကြည့်ရမယ်။

အတွေးလွန်နေတဲ့ ဆယ်ကျော်သက်လေးက ထွက်ပြေးလွတ်မြောက်ဖို့ မရုန်းကန်တာကြောင့် ကားတစ်စီးလုံးအေးချမ်းနေခဲ့တယ်။‌

ယူဂျင်းက သူ့ရဲ့အရိုးတွေကို အင်အားမမျှတဲ့နေရာမှာ တုံးအစွာအသုံးချပစ်ရင်း မဆုံးရှုံးချင်ရုံပါပဲ။ သေမထူး နေမထူးဘဝရယ်လို့ အထီးကျန်ချိန်တိုင်းတွေးမိတဲ့အရာ တကယ်တမ်းဖြစ်လာချိန်မှာတော့ စောစောစီးစီးလက်ခံရင်ဆိုင်နိုင်သွားပုံရတယ်။

ဒါပေမဲ့ သူ ဂယူ့ကိုတွေ့ချင်သေးတယ်။ ဂယူနဲ့ပြန်တွေ့ချင်တယ်။ ဂယူ့ကိုဖက်ထားချင်တယ်။

ဒီအကြောင်းတွေကို တွေးမိတာနဲ့ ဆယ်ကျော်သက်လေးရဲ့နှလုံးသားဟာ အပ်ချည်မျှင်ကြိုးမှာ တန်းလန်းချိတ်ဆွဲခံထားရသလို လှုပ်ရမ်းတုန်ခါလာရတယ်။ ယူဂျင်း ပေါင်ပေါ်တင်ထားတဲ့လက်ကို ကျစ်ကျစ်ပါ‌အောင်ဆုပ်လို့ မျက်လုံးမှိတ်ထားလိုက်တယ်။

Die for youWhere stories live. Discover now