0

740 37 0
                                    


ကောင်းကင်ကြီးက ပုဇွန်ဆီရောင်သမ်းနေလောက်ပေမယ့် ယူဂျင်းမျက်လုံးထဲမှာတော့ အညိုရောင်တွေကသာ ထင်ရှားတယ်။

အခြားအရောင်တွေကိုသာ မခွဲခြားတတ်ဘဲရှိချင်ရှိမယ် အညိုရောင်အစစ်နဲ့အတုကိုတော့ ကောင်းကောင်းခွဲခြားနိုင်တယ်။

မျက်လုံးတွေကိုအုပ်တဲ့အထိ ရှည်ကျနေတဲ့ ဆံနွယ်တွေက အညိုရောင်အစစ်။

နဖူးကနေ မေးစေ့အထိ တစ်စက်စက်ကျနေတဲ့ အရည်တွေက အညိုရောင်အတု။

ဆယ်ကျော်သက်လေးက သွေးလွှမ်းနေတာကြောင့် ပီပီပြင်ပြင်မရှိတဲ့ တစ်ဖက်လူရဲ့မျက်နှာအမူအရာတွေကို ဖတ်ဖို့ကြိုးစားကြည့်တယ်။

" ဟေး ချာတိတ်လေး "

ယူဂျင်း သူ့ရဲ့အဖြူစွတ်စွတ် sneaker လေး သွေးစွန်းသွားမှာကိုကြောက်လို့ အနောက်ကို အလိုအလျောက် ခပ်သွက်သွက်ဆုတ်မိတော့ တစ်ဖက်လူက လှောင်ရယ်တယ်။ ဒဏ်ရာတွေအများကြီးနဲ့ အရမ်းနာနေလောက်မှာကိုသိပေမဲ့ စိတ်အနှောင့်အယှက်ပေးလာတာကြောင့် ယူဂျင်းမေတ္တာမရှိတော့ဘူး။

ဒီလိုဆိုတော့လည်း ဒီဘဝ..ဤမျှ.. ပဲပေါ့ ခင်ဗျားရယ်။

ကျောပိုးအိတ်ကြိုးကို တင်းတင်းဆုပ်လို့ ယူဂျင်းလှည့်ထွက်ခဲ့တယ်။

" နေပါဦး! "

အနောက်ဖျားဆီက လှမ်းအော်သံကို နားစွင့်မိချိန် ယူဂျင်းခြေလှမ်းတွေက နှေးသွားတယ်။

" ကယ်ပေးပါ "

" ကျွန်တော့်အတွက် ဘာပြန်ရမှာလဲ? "

အနောက်ကိုလှည့်မကြည့်ဘဲ ယူဂျင်း ပက်ခနဲပြန်မေးလိုက်တယ်။ တစ်ဖက်လူက စဉ်းစားတာကြာလွန်းတာကြောင့် ယူဂျင်းရှေ့ဆက်လျှောက်ဖို့လုပ်တော့ ခပ်မာမာအရာတစ်ခုက သူ့ကျောကိုလာမှန်တယ်။ အတိအကျဆို သူ့ကျောပိုးအိတ်ကို လာထိမှန်တာဖြစ်တယ်။

' K ' လို့ အသားတံဆိပ်ထွင်းထားတဲ့ ဓားမြှောင်တစ်ချောင်း။

" လောလောဆယ်တော့ ငါ့မှာ ဒါပဲရှိတယ် "

သွေးတွေပေနေတာကို သိပေမဲ့ ယူဂျင်း ကောက်ယူလိုက်တယ်။ သူသွေးမပေစေချင်တာ sneaker အသစ်လေးကိုပဲလေ။

" ဒါက ကမ္ဘာပေါ်မှာတစ်ခုတည်းရှိတဲ့ ပစ္စည်းမှ မဟုတ်တာ? "

" အဲ့တာကပဲ မင်းငါ့ကိုကယ်ရမယ့် အကြောင်းအရင်းဖြစ်လာမှာပေါ့ "







________







Die for youWhere stories live. Discover now