2

261 32 0
                                    

// It's hard for me to communicate the thoughts that I hold //

___________

" ချစ်တယ် "

အမြင်နဲ့တင် ဈေးကြီးမယ်ဆိုတာသေချာတဲ့ ကိတ်မုန့်အစိတ်လေးက ယူဂျင်းရဲ့စာရေးစားပွဲခုံပေါ်မှာ ရှိနေတယ်။ အခန်းအတွင်း အာမေဋိတ်သံတွေ ပြည့်နှက်သွားတယ်။ အမြဲနားကြပ်တပ်ထားလေ့ရှိတဲ့ ယူဂျင်းက ကျောင်းခန်းထဲမှာတော့ သီချင်းနား‌ထောင်တာမဟုတ်ဘဲ လူတွေရဲ့ဆူညံတွတ်ထိုးသံတွေကို ဒီအတိုင်းမကြားချင်ရုံသက်သက်ပဲ။ တစ်နေ့မှာ ဒီလိုအသုံးဝင်လာလိမ့်မယ်လို့တော့ မတွေးခဲ့မိတာအမှန်။

ပြတင်းပေါက်ဘက်မျက်နှာမူထားတာကနေ အနေအထားကိုလုံးဝမပြင်ဘူး။ မျက်စိရှေ့ရောက်နေတာတောင် မျက်လုံးထောင့်စွန်းတွေကနေ မြင်နေရတာတောင် ယူဂျင်းက အသည်းမာစွာနဲ့ မမြင်ချင်ယောင်ဆောင်ချင်နေတယ်။

ဘာကိုမှ မကြားဘူး။ မကြားချင်ဘူး။

ဘယ်သူ့ကိုမှ မလိုဘူး။ မလိုချင်ဘူး။

ပုံမှန်အတိုင်း လုပ်ချင်တာတွေလုပ် မလုပ်ချင်တာတွေလဲလုပ်ရင်း ဖြတ်သန်းနေတဲ့ အချိန်စက်ဝန်းရဲ့ အနားသတ်ကို ပျက်စီးအောင်လာလုပ်တာ လုံးဝကြိုက်မနေဘူး။

" ယူဂျင်းနား~ "

တစ်ချို့အရာတွေဆီက အမြဲထွက်ပြေးနေလို့မရဘူးပဲ။ ယူဂျင်း နားကြပ်ကို ချွတ်လို့ သာသာကလေး မော့ကြည့်ပေးလိုက်တယ်။ ရင်ဘတ်ထဲမှာတော့ မွန်းကြပ်နေတယ်။ ဒါဟာ ချစ်ခွင့်မရှိတဲ့ ခံစားချက်လို့ထင်တယ်။ သဘောကျတာကို သဘောကျတဲ့အတိုင်း ဖော်ပြလို့ရနိုင်တဲ့ သူတွေကို အားကျမိတယ်။ ဘယ်အရာကမှ သူတို့ရှေ့မှာ ကာဆီးထားခြင်းမရှိသလို...ကာဆီးထားရင်တောင် ချိုးဖျက်ပစ်လိုက်ဖို့ ဝန်မလေးတဲ့ စိတ်ဆန္ဒတွေ။ မပြည့်စုံပေမဲ့ လဲကျမသွားဘဲ ဖြည့်ဆည်းရင်း ပြန်ထနိုင်စွမ်းရှိကြတယ်။

" ပြန်ယူသွား "

ယူဂျင်းက ဒီအခန်းထဲ ဆက်မရှိချင်တော့တဲ့ ဆန္ဒအပြည့်နဲ့ ပြတ်သားခက်ထန်ပုံပေါက်စေတဲ့ အနိမ့်သံကို တမင်ရွေးသုံးပြီး ပြောလိုက်တယ်။

Die for youWhere stories live. Discover now