9

358 31 0
                                    


" ဟောင့်ကော ပြောတာတော့ ငါတို့အတူသွားမှာဆို? "

လေယာဉ်ထွက်ချိန်နီးကာမှ မတူညီတဲ့ လေယာဉ်လက်မှတ်ကို ကိုင်ထားသူကြောင့် ဂယူဗင်း ရှန်ချွမ်ရွေ့ရဲ့လက်ကောက်ဝတ်ကိုလှမ်းဆွဲကာ ပြောမိတယ်။

" မားက LA ကိုချက်ချင်းလာခိုင်းနေတာ...ဘာလို့လဲ မသိဘူး "

ရှန်ချွမ်ရွေ့က လိမ်တဲ့နေရာမှာ လုံးဝမတော်လှ။ သူလိမ်လိုက်တာနဲ့ ပထမဆုံး သတိထားမိသူက ဟောင့်ကောဆိုရင် ဒုတိယလူကတော့ ဂယူဗင်းပဲ။

" ဝူးမျိုးရိုးတွေဘက်က တစ်ခုခုစနေပြီလား? အဲ့တာကြောင့် မင်းအမေက LA ကိုလာဖို့ ဆွဲခေါ်တာမလား? "

ရှန်ချွမ်ရွေ့ကမူ နှုတ်ဆိတ်လျက်။

မနက်ဖြန်ဟာ ကျန်းဟောင့်ရဲ့ ခေါင်းဆောင်အဖြစ် လျာထားခံရသူနေရာကနေ ခေါင်းဆောင်အတည်အလင်းဖြစ်လာမဲ့ရက်။ ဒီရက်မှာ ရာထူးလွှဲပြောင်းယူဖို့ ထုံးတမ်းစဉ်လာတွေနဲ့အညီချိန်ညှိကာ တစ်နှစ်အလိုကတည်းက စီစဉ်ထားခဲ့တာကြောင့် ဝူးလေတို့ဘက်က ယူဂျင်းကို ခုတုံးလုပ်ပြီး ကိစ္စအကြီးကြီးဖန်တီးဖို့ဟာ သေချာပေါက် ဒီလိုနေ့ရက်အတွက်ပဲဖြစ်တယ်။

ဘယ်ဘက်ကမှ ဟန်ယူဂျင်းကို ဝူးချန်အဖြစ် နေရာပေးဖို့ မဟုတ်လှ။ ဒါကိုကောင်းကောင်းသိထားပေမဲ့ ယူဂျင်းကိုကာကွယ်ဖို့ လုံလောက်တဲ့အင်အားမရှိသေးတာကြောင့်သာ ဟောင့်ကောဆီခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာ။ အနည်းဆုံးတော့ ဟောင့်ကောက ယူဂျင်းကို သေခါနီးအခြေအနေထိရောက်အောင် တွန်းပို့မယ့်လူ မဟုတ်တာ သေချာလေတယ်။

" ကောင်းကောင်းသွား...ပြန်မလာတော့ဘူးမလား? ပြန်မလာနဲ့... "

အံကြိတ်ပြီးပြောလာတဲ့ အသံကို ကြားလိုက်ရတဲ့ ရှန်ချွမ်ရွေ့က ချက်ချင်းမျက်မှောင်ကြုံ့ပစ်တယ်။ ဂယူဗင်းရဲ့လည်တိုင်ကိုဆွဲယူလို့ မျက်နှာနှစ်ခုကို နီးကပ်စေရင်း နှစ်ကိုယ်စာကြားရုံအသံနဲ့ ရှန်ချွမ်ရွေ့ကဆိုတယ်။

" ငါ သူငယ်ချင်းကို သစ္စာမဖောက်ဘူး။ ဟောင့်ကောကိုဆို ပိုလို့ဝေးသေး။ ပြီးတော့ ငါပြန်လာမှာ ဂယူဗင်း...အဲ့အချိန်ကြရင် မျက်နှာထားကို ဒီထက်ပိုကြည့်ပျော်အောင် ပြင်ထားလိုက်အုံး "

Die for youWo Geschichten leben. Entdecke jetzt