(၆)ရပ်ဝန်းငယ်

126 3 0
                                    

ဘွားနဲ့ အန်တီ မာရီက မနက်စောစောနိုးနေတော့
မနက်စာပြင်ပေးထားပြီး စကားပြောနေသည်ထင် အသံ များက ကြားနေရတော့ လီယို အောက်ကို ဆင်းလာကြည့်၏ ဟုတ်မှန်နေပေသည် လီယို နှင့် ဂျော်ဂျီ ၏ ရှေ့ရေးအကြောင်းဆွေးနွေးနေကြပုံရသည်

"ဘွား…ကျွန်တော်နိုးပြီ"

"လာအုံး ဖာဒီလေး…ဘွားပြောစရာရှိလို့…"

"အင်း ကျွန်တော်လာပြီ…ဘွားပြောလေ"

လီယို ဘွား ၏ လက်တွန်းလှည်းဘေးတွင် ‌စောင့်စောင့်ကလေးထိုင်ကာနေ၏

"‌ဘွား…မင်းကို ဂျော်ဂျီလေး နဲ့ နေရာချထားပေးချင်ပေမဲ့…"

"ကျွန်တော် အဆင်သင့်မဖြစ်သေးဘူး ဘွားနဲ့ အန်တီ မာရီ...."

"ဟေ…ဘယ်လိုဖြစ်သတုန်း…"

"ဂျော်ဂျီလေးကိုစစ်ပွဲကြီးပြီးမှ လူမျိုးရေးခွဲခြားမှုတွေ မရှိတော့မှ လက်ထပ်ချင်ပါတယ်"

"မင်းသဘောပေါ့ကွယ်"

"ဘွား ကျွန်တော်…သွားစရာရှိတယ် ညစာ ပြန်မစားတော့ဘူး……"

"အေးကွယ်…သွားပါ "

"ဟုတ်ကဲ့ပါ ဘွား"

ကိုလုံးစစ်စခန်းဘက်သွားစရာရှိတာမို့ နှစ်ရက်လောက်တော့ ကြာမည် ဘာလင်နှင့် ကိုလုံး သိပ်မဝေးသော်လည်း အလုပ်ကိစ္စများက ရှိနေသေးသည်မို့ ပြန်လာဖြစ်မည်မထင် သည်ညနေလည်း ဂျော်ဂျီ လေးကို သွားနှုတ်ဆက်ရအုံးပေမည်

>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ဟင်…ဦးပါလား"

"အင်း ဂျော်ဂျီ…ဦးလာတယ်"

"ဦး သည်ကနေ့ အတော်လေးကြည်ကောင်းနေ‌ပုံထောက် တစ်ခုခုများ သွားစရာရှိသေးသရော့လား"

"မှန်းတက်လိုက်လေခြင်း…ဦး သည်ကနေ့ညပဲ ကိုလုံး ဘက်က စစ်စခန်းသွားစရာရှိသည်မို့ပါ"

"အဲ့သလိုကိုး…‌ဒေါက်တာ့ကို ခေါ်ပေးရမလား"

"မခေါ်ပါနဲ့ ထားလိုက်ပါ ဦးက ဂျော်ဂျီ့ နှုတ်ဆက်ဖို့လာတာ…"

"ဆိုပါတော့…ဦး ဘယ်နှစ်ရက်ကြာမှာလဲ…"

"နှစ်ရက် သုံးရက်လောက်တော့ကြာမည့်ထင်တယ် ဦး လဲ အသေအချာ မသိသေး‌ရော့လေ…"

အချစ်ကမ္ဘာစစ်Where stories live. Discover now