(၁)တွေ့ဆုံရခြင်း

518 10 0
                                    

"ဖာဒီနန္လီယို
အသက်-၄၀နှစ်
ရာထူး-ဗိုလ်မှူး"

၁၉၃၆ခုနှစ်
ဘာလင်မြို့လယ်ခေါင်တစ်နေရာတွင် ရုတ်ရုတ်သဲသဲဖြစ်နေကြရာ ထွက်ပေါ်လာသောသေနတ်ဖောက်သံ

"ဘေးဖယ်...ဘေးဖယ်..."

သေနတ်ဖောက်လိုက်သောဗိုလ်ချုပ်မှဝင်၍တားဆီးလာခြင်းဖြစ်သည် အ‌ကြောင်းအရာမှာ အထွေအထူးမဟုတ်သော်ငြား ဂျူးကောင်လေးတစ်ယောက်နှင့် ဂျာမန်ကျောင်းသားငယ်များ အုပ်စုဖွဲ့ရန်ဖြစ်နေကြခြင်းဖြစ်သည်
__________________________
__________________________

"အစ္စရေးဂျော်ဂျီ
အသက်-၂၁နှစ်
ဂျူးလူမျိုး "

ဂျူးဘာသာဝင်ဆိုလျှင်ဂျာမန်များကခွဲခြားကြသည် ၁၉၃၃ ခုနှစ်အစောပိုင်းမှစတင်ကာ ဂျာမန်လူမျိုးကြီးဝါဒအားထုတ်ဖော်ခဲ့သည့်နေ့မှ ယနေ့တိုင် ဂျူးဘာသာဝင်များ၌ရှိရမည့် လူ့အခွင့်အလမ်း၊အလုပ်အကိုင်စသည်များကိုလျော့ပါးစေခဲ့သည် ဂျော်ဂျီသည်လဲကျောင်းသားတစ်ဦးဖြစ်ခဲ့ဖူး၏
ကိုလုံးမြို့ရှိ အမျိုးသားကျောင်း‌တွင် အထက်တန်းအောင်မြင်ခဲ့သည် ကောလိပ်တက်ရန် အချိန်တွင် လူမျိုးရေးခွဲခြားမှုများကြောင့်အခွင့်အလမ်းဆုံးရှုံးခဲ့ရသည်

__________________
____________________________

" လူငယ်တွေ.....မင်းတို့ ရပ်လိုက်တော့"

နာဇီဗိုလ်မှူး၏သေနတ်ဖြင့်
ချိန်ရွယ်အ‌မိန့်ပေးမှုကြောင့်ရပ်သွားသော်လည်း ကျောင်းသားအုပ်စုမှာကျေနပ်မှုမရှိသေးသော မျက်နှာထားများရှိနေ၏
ထိုအခါမှ လဲနေသော ဂျူးကောင်လေးလဲထလာပြီး

"ဗိုလ်မှူး.....ကျွန်တော်က ဂျူးမို့လို့ အနိုင်ကျင့်ကြတယ် "

"မင်းက မျိုးမစစ်ကောင် ဆိုတာမှတ်ထားအုံးကွ"

ဂျော်ဂျီ့ စကားကို တုံ့ပြန်လာသော ဟုတန် ဆိုသည့် လူငယ်သည် ခက်ထန်သော စကားများဖြင့် မကျေနပ်ဟန်တုံ့ပြန်ပါ၏
ထိုအခိုက်မှဗိုလ်မှူးလဲ ‌ချောင်းဟန့်လိုက်ပြီး

"တော်ပြီ....မင်းတို့လူစုခွဲကြတော့ "

"ဟုတ်....ဗိုလ်မှူး"

ဂျာမန်ကောင်လေးများက ထွက်သွားရသည်ဆိုသော် သိပ်၍ကျေနပ်ပုံပင်မရပေ သူတို့ထွက်သွားတာ့မှပဲ ဗိုလ်မှူးက ဂျော်ဂျီကို စကားပြောလာလေ၏

အချစ်ကမ္ဘာစစ်Dove le storie prendono vita. Scoprilo ora