1.8K 163 7
                                    


I DO

ဆောင်းဟန်ဘင်းအတွက် ကျန်းဟောင့်ဟာ ဘယ်လိုလူမျိုးလဲ? ထိုမေးခွန်းကိုအတိတ်တုန်းက ဆောင်းဟန်ဘင်းဆိုပါက ပြိုင်ဖက် သို့မဟုတ် စိတ်အနှောက်အယှက်ပေးချင်ဆုံး လူသား လို့ဖြေလိမ့်မည်။ သို့ပေမဲ့ လက်ရှိဆောင်းဟန်ဘင်းရဲ့အဖြေက ထိုသို့မဟုတ်ခဲ့ သူ့အဖြေက " အချစ်ဆုံးလူသား" လို့ဖြေပါလိမ့်မည်။

မူကြိုကလေးတစ်ယောက် သဘောကျသည့်လူဆီမှ အရေးလုပ် မခံရသည့်အခါ ဝမ်းနည်းသလို၊ စကားမပြောတတ်သေးသည့် လသားကလေးလေးတစ်ယောက် ဗိုက်စာနေကြောင်း မိခင်သိအောင် ငိုပြသလို၊ ဆောင်းဟန်ဘင်းဟာလဲ ကျန်းဟောင့်အပေါ် သဘောကျပေမဲ့ ကိုယ့်ခံစားချက်ကို နားမလည်တာကြောင့် အချစ်တွေကိုဖော်ပြသည့်နည်းလမ်းဟာ မှားသွားခဲ့သည်ပြောရမလား။

ဒါပေမဲ့လဲ ယခုပစ္စုပန်က ဆောင်းဟန်ဘင်းဟာတော့ အချစ်ဆိုသည့်အရာကို နားလည်သွားခဲ့သလို ချစ်ရတဲ့လူကိုလဲ ပိုင်ဆိုင်ခွင့်ရသွားခဲ့ပြီ။ အခွင့်ရေးရှိလို့ အတိတ်ကဆောင်းဟန်ဘင်းနဲ့ တွေ့ဆုံခွင့်များရခဲ့လျှင် ကျန်းဟောင့်အပေါ် အများကြီးကောင်းပေးဖို့ မှာချင်၏။ ပြီးတော့ " မင်းကအမှားတွေလုပ်နေရင်တောင် ကျန်းဟောင့်ကချစ်နေမှာမို့ မစိုးရိမ်နဲ့ " လို့လဲ ပြောပြချင်သေးသည်။

အခုတလော ဆောင်းဟန်ဘင်းအကြိုက်ဆုံးအရာတစ်ခုကိုပြောပါဆို ညတိုင်း ကျန်းဟောင့်နဲ့အတူ အိပ်ယာဝင်ရတာဖြစ်ပြီး မနက်တိုင်းကျန်းဟောင့်နဲ့အတူ နိုးထရတာဖြစ်သည်။ ဟောင့်ရဲ့ လိုင်လာပန်းနံ့တွေက ဟန်ဘင်းစိတ်ကို သက်သာရာရစေသည်။ အယ်လ်ဖာတစ်ယောက်ဖြစ်တာနဲ့အမျှ ကြုံရတဲ့ ဖိအားနဲ့ စိတ်ဖိစီးမှုများဟာ ကျန်းဟောင့်ရဲ့ လိုင်လာပန်းနံ့များနဲ့ထိတွေ့လိုက်ပါက ချက်ချင်းပျောက်ကင်းသွား၏။

ကျန်းဟောင့်က ဆောင်းဟန်ဘင်းဘဝအတွက် အားဖြည့်ဆေးလေး

ပင်ပန်းတဲ့အချိန်တိုင်း အနားယူလို့ရတဲ့ အိုအေစစ်လေး

ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းမှာ ဆောင်းဟန်ဘင်းဟာ နားရက်ဆိုလျှင် အိမ်ထဲမှ အိမ်ပြင်တောင် မထွက်ချင်တော့။ ကျန်းဟောင့်ခါးလေးကိုသာဖက်ပြီး ကျန်းဟောင့်ရဲ့ မျက်နှာကိုသာ တစ်နေ့လုံး ထိုင်ကြည့်လိုက်ချင်၏။ ကြည့်လေ ကြည့်လေ ကြည့်မဝနိုင်တဲ့ရုပ်ရည်ရှိသည့် ကောင်လေးကိုရထားတာ သေချာပေါက်ကို အဝကြည့်ရမှာပေါ့။ သို့သော် ဆောင်းဟန်ဘင်းဟာ ကြည့်နေရုံနဲ့မပြီးခဲ့ပါ ထိုမျက်နှာလေးကိုကြည့်မိပါက ကိုင်ကြည့်ချင်လာ၏၊ ထိကြည့်ချင်လာ၏၊ ဖျစ်ညစ်မိချင်လာ၏၊ တရှုံ့ရှုံ့နမ်းရှိုက်ချင်လာမည်ဖြစ်၏။

𝐖𝐡𝐚𝐭'𝐬 𝐰𝐫𝐨𝐧𝐠 𝐰𝐢𝐭𝐡 𝐙𝐇𝐀𝐍𝐆 𝐇𝐀𝐎Where stories live. Discover now