1.2K 138 5
                                    

မိုးစက်များရဲ့ အအေးဓာတ်ကို အပေါ်ဆုံးထပ် ဇိမ်ခံတိုက်ခန်းမှ မှန်များခြားထားသည့်တိုင် ဆောင်းဟန်ဘင်းခံစားမိ၏။ လက်ညိုးလေးက မှန်တစ်လျှောက်စီးကျသွားသော ရေစက်လေးများကို ပျင်းရိစွာ ခြေရာလိုက်နေခဲ့သည်။ ကျန်ရှိနေသည့်လက်တစ်ဖက်နှင့် ဒူးကိုပိုက်ပြီး ထိုင်နေသည့်ပုံရိပ်မှာ လူမရှိသောတိုက်ခန်းထဲမှ အထီးကျန်နေသည့် ဝိဉာဉ်တစ်ကောင်အလား...

တစ်ခန်းလုံးဟာ မှောင်မိုက်နေပြီး တစ်ခုထဲသော လင်းနေတဲ့အရာက ဟန်ဘင်းရဲ့ ဖုန်းမှန်သားပြင်သာ။ ပြက္ခဒိန်အပ်ပလီကေးရှင်းထဲ အနီရောင်ဖြင့်မှတ်ထားသောနေ့ ရောက်ရန် နှစ်ပတ်သာလိုတော့သည်။ တနည်း ကျန်းဟောင့် စေ့စပ်ပွဲနေ့ရောက်ရန် နှစ်ပတ်အလိုဖြစ်သည်။

ဘာကိုမှတွေးလို့မရတာလား အတွေးတွေကပဲများပြားလွန်းသဖြင့် ဦးတည်ချက်ရှာမရတာလား မပြောတတ်။ အိပ်မပျော်တာ သုံးရက်ဆက်တိုက်ရှိပြီးဖြစ်ပြီး အခုဆောင်ဟန်ဘင်းပုံရိပ်မှာ အလေလွင့်နေတဲ့တစ္ဆေတစ်ကောင်လို ဖြူစုပ်ကာ ညိုမဲနေသောမျက်လုံးတစ်စုံဖြင့်။

သူ့မှာ အချိန်နှစ်ပတ်ပဲရှိတော့သည်။ ဒီနှစ်ပတ်အတွင်း ကျန်းဟောင့်ရဲ့ စေ့စပ်ပွဲကိုမည်သို့ ဖျက်ရမည်နည်း။ ဘယ်လိုအကြံထုတ်ထုတ် တစ်ခုမှထွက်မလာပါ ကြည့်ရတာ သူ့ဦးနှောက်လဲပျက်စီးကုန်ပြီထင်ပါ၏။ ကယ်တင်ရှင် နတ်မင်းတွေများရှိခဲ့ပါက သူ့ဆုတောင်းကိုကြားနိုင်ရန် မျှော်လင့်မိသည်။

"ကျေးဇူးပြုပြီး ကျန်းဟောင့်စေ့စပ်ပွဲကို ကိုယ်တိုင်ဖျက်ပေးလို့မရရင်တောင်၊ ကျွန်တော့်ကိုအကြံလေးတစ်ပိုင်းတစ်စပဲပေးလိုက်ပါလား!" သူကိုယ်တိုင် ဖြေရှင်းလိုက်ပါ့မယ်။

တကယ်ပင်ကြားသွားလားမပြောတတ် တစ်ချိန်လုံး အထက်တန်းကျောင်းသားလေးနောက်ကို စတော့ကာ သဖွယ်အမြဲလိုက်နေတက်တဲ့ ဝမ်းကွဲညီက ထူးထူးခြားခြားဖုန်းခေါ်လာသည်။

"ဟန်ဘင်းဟျောင်း"

စစက ဖုန်းမကိုင်ချင်သည့်တိုင် ကင်ဂယူဘင်းထံတွင် ဉာဏ်နီဉာဏ်နက်များ ရှိတတ်တာကြောင့် မျှော်လင့်ချက်လေးအနည်းငယ်ဖြင့် ဖုန်းလက်ခံလိုက်သည်။

𝐖𝐡𝐚𝐭'𝐬 𝐰𝐫𝐨𝐧𝐠 𝐰𝐢𝐭𝐡 𝐙𝐇𝐀𝐍𝐆 𝐇𝐀𝐎Where stories live. Discover now