မနက်ခင်းနေရောင်ခြည်ဟာ ပြတင်းပေါက်မှန်ကနေတဆင့် ကျန်းဟောင့်မျက်နှာပေါ်နွေးထွေးစွာဖြာကျလျက်။ တစ်ညလုံးဟန်ဘင်းအိပ်ရာပေါ်မှာအိပ်မိသွားတာပဲ။
သို့သော် ဆောင်းဟန်ဘင်းကတော့တစ်ညလုံးပြန်မလာခဲ့။
မနက်စာစားဖို့စောင့်နေသည့်တိုင် ပြန်လာမဲ့အရိပ်အရောင်မရှိတော့ မစောင့်ပဲ ရုံးကိုသာတန်းသွားလိုက်သည်။
"သူဌေးဒီနေ့မျက်နှာသိပ်မကောင်းပါလား"
ကားဒရိုက်ဘာရဲ့ မေးခွန်းကြောင့် သိသိသာသာကြီးကို မကြည့်လင်တဲ့ ကိုယ့်မျက်နှာကိုယ်ပြင်လိုက်ပြီး
"ညကအိပ်မပျော်လို့ပါ"
...
နေ့လည် ၂နာရီကျော်နေကြောင်း အစာလွန်နေသည့်ဗိုက်က တဂွီဂွီအချက်ပြလျက်။ ခေါင်းမာသည့်ကျန်းဟောင့်ဟာ ဆောင်းဟန်ဘင်းမလာသေးတာကြောင့် အခုချိန်ထိ နေ့လည်စာမစားပဲ ပေကပ်ကပ်စောင့်နေခဲ့တာ။
"ဟူး...ဆောင်းဟန်ဘင်းဘာလို့မလာသေးတာလဲ"
ထူးထူးခြားခြား ဆောင်းဟန်ဘင်းအမြဲသူ့ဆီကိုပို့ပေးနေကျ ထမင်းဘူးဝန်ဆောင်မှုဟာလည်း ဒီနေ့ကျမှ မပို့လာ။ အရင်ဆို တတောင်တောင်မြည်နေတဲ့ message appကလဲ တိတ်ဆိတ်နေလျက်။
တီ~
"Bonjour" ဖုန်းပြန်ဖြေသည့် တဖက်အသံက မိန်းကလေးဖြစ်နေတာကြောင့် ကျန်းဟောင့်လန့်သွား၏။ ဘာတွေပြောနေမှန်းနားမလည်တာကြောင့် ဖုန်းကိုချက်ချင်းချလိုက်ပြီး စိတ်တိုတိုနဲ့ လက်ထဲမှဖုန်းကို စားပွဲပေါ်ပစ်တင်လိုက်သည်။
"ကျန်းဟောင့် ကျန်းဟောင့် တကယ်ပဲအမှတ်မရှိဘူး"
.....
"ဆောင်းဟန်ဘင်း နင့်ကိုသဘောကျတယ် ငါနဲ့တွဲနိုင်မလား"
သန့်စင်ခန်းသွားဖို့ ကော်ရေတာကိုအဖြတ် လှေခါးအကွေ့နား ရပ်နေတဲ့ အရိပ်နှစ်ခုက ကျန်းဟောင့်ခြေလှမ်းတွေကို စိတ်ဝင်တစားရပ်တန့်စေခဲ့သည်။ နူးညံ့တဲ့အသွင် ရေလှိုင်းလိုတွန့်ကောက်တဲ့ ဆံနွယ်နဲ့ ပုပုသေးသေး အိုမီဂါကောင်မလေးတစ်ယောက်က ဆွဲဆောင်မှူရှိတဲ့ အယ်လ်ဖာကောင်လေးကိုဖွင့်ပြောနေတဲ့မြင်ကွင်းကို မည်သူ့ကိုမဆိုရပ်တန့်ပြီး စူးစမ်းချင်မှာပါ။