1.2K 139 12
                                    

စိတ်ရှုပ်စရာကောင်းတဲ့ အယ်လ်ဖာမှ ချစ်စရာ အယ်လ်ဖာအကောင်ပေါက်လေးအဖြစ်သို့

ဆောင်းဟန်ဘင်းမှာ သူ့စကားအတိုင်းကို ကျန်းဟောင့်နားက နည်းနည်းမျှမခွါ၊ အနားကပ်လာတဲ့ အယ်လ်ဖာများကိုလဲ ဆွဲထိုးတော့မလို့အကြည့်နဲ့။ ဟာအို heat တစ်လျောက်လုံးမှာ ခပ်တည်တည်နဲ့ အိမ်ပေါ်တောင်တက်နေလိုက်သေးသည်။ ပထမတုန်းကတော့ ယာယီအမှတ်အသားကြောင့် ထိုကဲ့သို့ပြုမှူနေတယ်ထင်ကာ ကျန်းဟောင့်လွှတ်ပေးသော်လည်း ယာယီအမှတ်အသား ပျောက်သွားသည့်တိုင် ခိုအာလာအကောင်ပေါက်လေးလိုမျိုး သူ့နားကပ်နေခဲ့သည်။

"ဆောင်းဟန်ဘင်း ငါ့ရုံးခန်းကိုပဲ မင်းရဲ့ရုံးခန်းလုပ်လိုက်ပါတော့လား"

မိမိရဲ့ ဧည့်ခံစားပွဲပေါ်မှာ သူ့ရဲ့အလုပ်တွေကိုလက်မှတ်ထိုးပေးနေသည့် ဆောင်းဟန်ဘင်းကိုကြည့်မရဖြစ်လာသည်။ အရေးကြီးသည့် အစည်းအဝေးမှလွဲရင် ကျန်သည့်ကိစ္စများကိုအကုန် ကျန်းဟောင့်ရုံးခန်းထဲမှာဖြေရှင်းသည်။တစ်ခါခါ ဆောင်းဟန်ဘင်း ကုမ္ပဏီလား ကျန်းဟောင့် ကုမ္ပဏီလားတောင် မသဲကွဲတော့။

"ဟျောင်းအဲ့အကြံမဆိုးဘူးနော်ကုမ္ပဏီနှစ်ခုပေါင်းလိုက်ရင်ကောင်းမလား"

ရွဲ့ပြောလို့ပြောနေမှန်းလဲ မသိတာကြောင့် လျစ်လျူရှုပြီး အလုပ်တွင်ပဲအာရုံစိုက်လိုက်သည်။

"ဟျောင်း ကုမ္ပဏီနှစ်ခုပေါင်းဖို့ဆို အရင်ဆုံး ကုမ္ပဏီပိုင်ရှင်နှစ်ယောက် ပေါင်းသင့်တယ်မထင်ဘူးလား"

အလုပ်လုပ်နေရင်းတောင် ကျီစယ်စကားလုံးတွေပြောနိုင်သေးတဲ့ ဆောင်းဟန်ဘင်းက ဒီလိုစကားတွေကို ဘယ်နှစ်ယောက်တောင်လိုက်ပြီး ပြောခဲ့ပြီးပြီလဲ ကျန်းဟောင်မသိ။

"ပေါက်ကရတွေပြောနေမယ်ဆို အခုထွက်သွားတော့"

အနည်းငယ် ကြိမ်းမောင်းလိုက်မှ ဆောင်းဟန်ဘင်းငြိမ်သွားပြီး အလုပ်ပြန်လုပ်တော့သည်။

ကျန်းဟောင်အခုအထိ ဆောင်းဟန်ဘင်း သူ့အပေါ်ရှိတဲ့စိတ်ဝင်စားမှုတွေအပေါ် အယုံအကြည်မရှိသေးပါ။ သူတို့ငယ်ငယ်ထဲက သိတာဖြစ်တာကြောင့် ဆောင်းဟန်ဘင်းသူ့ကိုသဘောကျလာလိမ့်မယ်ဆိုတာကို တခါလေးတောင်မှ မတွေးခဲ့ဘူး။ အမြဲဆောင်းဟန်ဘင်းက သူ့ကိုအနှောက်အယှက်ပေးရတာကြိုက်ပြီး ကျန်းဟောင့်ကိုပြိုင်ဘက်အကိုတစ်ယောက်လိုသဘောထားတာပင်။

𝐖𝐡𝐚𝐭'𝐬 𝐰𝐫𝐨𝐧𝐠 𝐰𝐢𝐭𝐡 𝐙𝐇𝐀𝐍𝐆 𝐇𝐀𝐎Where stories live. Discover now