1.1K 156 13
                                    




အဖြစ်အပျက်တွေ တော်တော်လေးများခဲ့သည့် နေ့တစ်နေ့လို့ ပြောလို့ရလောက်သည်။ ဆောင်းဟန်ဘင်းဟာ တစ်ခါမှ ကျန်းဟောင့် အိုမီဂါတစ်ယောက်ဖြစ်လိမ့်မယ်လို့မတွေးမိဖူးခဲ့။ ပို၍စောစောသာသိခဲ့မယ်ဆိုပါက အရင်ကသူလုပ်ခဲ့သမျှ အနှောက်အယှက်ပေးမှုများက ဂရုစိုက်ပေးမှုများအဖြစ်သို့ပြောင်းလဲသွားနိုင်လောက်သည်။ အခုတော့ မိမိ၏တုံးအမှုကြောင့် နောင်တများတစ်ပွေ့တစ်ပိုက်ဖြင့်။

သေချာစဉ်းစားကြည့်ပါက ကျန်းဟောင့် အိုမီဂါ မှန်းသိနိုင်တဲ့ သဲလွန်စများ ရှိခဲ့ပါ၏။ pheromone များစတင်ဖွံ့ဖြိုးခါစ အထက်တန်းနှစ်များကို စဉ်းစားကြည့်ပါလျှင် ကျန်းဟောင့်ဟာ သာမန်ထက်အများကြီးငြိမ်ကျသွားခဲ့သည်။ လူပျိုပေါက်အရွယ်တွင် သေချာပေါက် အယ်လ်ဖာများ pheromone နဲ့ပတ်သတ်ပြီး ကြွားဝါလေ့ရှိသည့်အခါတွင်လဲ ကျန်းဟောင့်မပါဝင်ခဲ့။ စစကတော့ ကျန်းဟောင့်က သူ့ကိုလာဖွင့်ပြောတဲ့ အိုမီဂါကောင်မလေးကို စိတ်ဝင်စားနေတာကြောင့် ဆောင်းဟန်ဘင်း စိမ်းကားသွားခဲ့သည်ဟု ထင်ခဲ့သော်လည်း ကျန်းဟောင့်မှာ အိုမီဂါတစ်ယောက်ဖြစ်ခဲ့တာကြောင့် အယ်လ်ဖာဖြစ်တဲ့ သူ့ကိုရှောင်ခဲ့တာဖြစ်နိုင်၏။

ထို့အတူ အီဂျယ်ယောင်းကိစ္စတုန်းကလဲ "အိုမီဂါတစ်ယောက်လိုပဲ သဘောကျနေတာလားလို့" စိတ်ဆိုးပြီးအော်ပြောခဲ့သည့်အပေါ် ကျန်းဟောင့်စိတ်ဆိုးခဲ့တာကို ဆောင်းဟန်ဘင်းအခုတော့ နားလည်နိုင်သွားသည်။

ဆိုဖာပေါ်ထိုင်နေရင်း ညာဘက်လက်ဖြင့် ကိုယ့်ပါးကိုယ်တစ်ချက်ရိုက်လိုက်သည်။ ကျန်းဟောင့်အပေါ် သူပြောခဲ့သည့် စကားမှာတကယ့်ကိုလွန်သွားခဲ့တာကြောင့်ဖြစ်သည်။ ကျန်းဟောင့် သူ့အပေါ်တော်တော်လေးများ မုန်းနေမလား...

New message from Zhang Hao

[ ဟန်ဘင်း... အဆင်ပြေမယ်ဆို pheromone နည်းနည်းလောက်ထပ်ပြီး...]

စိတ်ညစ်နေရင်းတန်းလန်း ဝင်လာတဲ့မက်ဆေ့ချ်အသစ်ကြောင့် အရူးတစ်ယောက်လိုထပြုံးမိပြန်သည်။ ဧည့်ခန်းထဲကဆိုဖာကနေ ကျန်းဟောင့်အခန်းကိုလှမ်းကြည့်တော့ အင်း... တကယ် နည်းနည်းလေးဝေးနေသလိုပဲ။

𝐖𝐡𝐚𝐭'𝐬 𝐰𝐫𝐨𝐧𝐠 𝐰𝐢𝐭𝐡 𝐙𝐇𝐀𝐍𝐆 𝐇𝐀𝐎Where stories live. Discover now