2.1K 139 8
                                    

" ဘာ ကျန်းဟောင့်ကစေ့စပ်လိုက်ပြီ! "

ကျန်းဟောင် ဘာဖြစ်နေတာလဲ။ တကယ်ပဲ ကျန်းဟောင်တစ်ယောက် ဘာဖြစ်ချင်နေတာလဲ...

____

ညသန်းခေါင်ယံကြီး အိမ်တံခါးကိုလာခေါက်တဲ့ လူစိတ်မရှိသူတစ်ယောက်ကြောင့် ဂျီဝန်းနဲ့မက်သရူးတို့ခမျာ အိပ်ခြင်မူးတူး ဧည့်ဝတ်ပြုရပြန်၏။

"မင်းတို့ရောသိကျလား ကျန်းဟောင့်တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ!"

ဂျီအွန်းမှာ ဟန်ဘင်းပြောသမျှကိုနားထောင်နေသည့်တိုင် မက်သရူးကတော့သန်းဝေနေသည်။

"ဟန်ဘင်းဟျောင်း ဟာအိုဟျောင်းလဲ လူပဲ သူလဲ ချစ်မိသွားတာနေမှာပေါ့"

ချစ်မိတယ်? ကျန်းဟောင်က? ထိုသို့ဖြစ်နိုင်ချေမှာ အနှုတ်ဘက်မှာအမြဲရှိခဲ့သည်။ ကျန်းဟောင်ဟာ ဆောင်းဟန်ဘင်းတွေ့ဖူးသမျှ လူတွေထဲမှာ ပျင်းစရာအကောင်းဆုံးပင်။ ငယ်ငယ်ထဲကအခုထိ အတူတူကြီးပြင်းလာတာကြောင့်သိပါ၏၊ ကျန်းဟောင် ငယ်ငယ်ထဲကစိတ်ဝင်စားသည်မှာ "စာ" ထိုတစ်ခုထဲပင်။ အသက်ကြီးလာတော့ စီးပွါးရေး ဒါ့ထက်မပို။ ဆောင်းဟန်ဘင်းလို အသောက်အစားအပျော်အပါး မမက်။ ပေါင်းသင်းဆက်ဆံရေးကအစ အနှုတ်ပြနေသော လူတစ်ယောက်ပင်။ ထိုလူက စီးပွါးရေးပေါင်းသာ ပေါင်းတတ်၏။ သူငယ်ချင်းဆို လက်ချိုးရေလို့ ငါးယောက်ပင်မပြည့်။ အဲ့လိုလူက ချစ်မိသည်မှာ လုံးဝမဖြစ်နိုင်။ အဲ့တာကလဲ သူ့အထက်အရင်ဆိုတာ ပိုပြီးမဖြစ်နိုင်။

"မက်သရူးရာ မင်းစဉ်းစားကြည့်လေ ကျန်းဟောင်က အမြဲ အကောင်းတက အကောင်းဆုံးတွေကိုပဲသဘောကျတဲ့လူလေ။ သူချစ်မိရင်တောင် အလှအပဆုံး၊ အသိမ်မွေ့ဆုံး အိုမီဂါ လေးဖြစ်မှာ ဒီလိုသာမန် ဘီတာ တစ်ယောက်နဲ့ စေ့စပ်ပါ့မလား"

ရန်ဘက်ဖြစ်သူရဲ့ ခြေလှမ်းများကိုဟန်ဘင်းဟာ သေချာသိနေသလို ထုတ်ပြောလာ၏။ ကမ္ဘာပေါ်မှာ ကျန်းဟောင့်ကို နားလည်နိုင်ဆုံးလူဟာ သူပဲဖြစ်လိမ့်မယ်။ ထို့အတူပဲ သူ့ကိုခန့်မှန်းနိုင်သောလူကလဲ ကျန်းဟောင့်ပဲရှိသည်ဟု ဆောင်းဟန်ဘင်း ယုံကြည်ထားသည်။ သို့သော် ဒီနေ့မနက်သတင်းတွင်ပါလာတဲ့ ကျန်းဟောင့်ရဲ့ စေ့စပ်မှုသတင်းကတော့ ဆောင်းဟန်ဘင်း တွက်ချက်မိသောခြေလှမ်းများမှ အများကြီး ချော်ထွက်နေ၏။

𝐖𝐡𝐚𝐭'𝐬 𝐰𝐫𝐨𝐧𝐠 𝐰𝐢𝐭𝐡 𝐙𝐇𝐀𝐍𝐆 𝐇𝐀𝐎Where stories live. Discover now