arc-(2.10)

248 21 1
                                    

Zawgyi

"ကိုကိုမူယောင်း!

မူယောင်းလဲခါးအောက်ပိုင်းကလှုပ်မရတာကြောင့်
ကုတင်ပေါ်ထိုင်နေစဉ်ယွန်နာတစ်ယောက်သူ့ဆီပြေးဝင်လာတာကြောင့်ရုတ်တရက်ဘာမှမလုပ်နိုင်ပဲဖြစ်သွားရသည်။

"အာ့!သေပါပြီ

ယွန်နာပြေးဖက်လိုက်တဲ့အရှိန်ရောသူ့ပေါ်ကျလာတဲ့ခန္တာကိုယ်
အလေးချိန်ကြောင့်ပါခါးကစူးကနဲနာကျင်မှုကြောင့်
မျက်ရည်တွေပါဝဲတက်လာတော့သည်။

"ဟင့်...ဂျယ်ယွန်း နာသွားပြီး အီးဟီး

ဂျယ်ယွန်းလဲသူ့အသက်ငယ်ရဲ့အသံကြောင့်ပြေးလာကာ
မျက်ရည်တွေနဲ့ဖြစ်နေတဲ့မူယောင်းကိုရင်ခွင်ထဲထည့်ဖက်ကာ
ချော့နေရတော့သည်။

"အသက်ငယ်လေးအရမ်းနာသွားလားဟင် တိတ်တိတ်နော်ကလေးလေး ကျွတ်ကျွတ်

"ကိုကိုမူ​ယောင်း နေမကောင်းလို့ဆိုလို့
ယွန်နာတို့ကစိတ်ပူလို့လာကြည့်တာ
ဘာဖြစ်တာလဲဟင်ဒဏ်ရာရထားလို့လားနာသွားတာက

"ဟုတ်တယ်နော် အစ်ကိုမူယောင်းဘယ်နားဒဏ်ရာရထားတာလဲဟင်

ယွန်နာနဲ့အတူမင်ဆန်းဂီကသာစူစမ်းတဲ့အကြည့်တွေနဲ့
ထောက်ခံတော့သည်။

သူတို့အခန်းထဲကိုလူစုံတက်စုံပင်ရောက်ချလာတာဖြစ်သည်။
ယွန်နာနဲ့အယ်လိုရာ မင်ဆန်းဂီနဲ့ဂျွန် လင်းယန်နဲ့အတူ
အင်ဟန်ကလဲကော်ကပ်ထားသလိုပင်ပါလာသည်။

"မင်းတို့ကဘာလာလုပ်ကြတာလဲ

"မနက်ကကျွန်တော်တစ်ခေါက်လာသေးတယ်
ခေါင်းဆောင်ကပြောတယ်အစ်ကိုမူယောင်းနေမကောင်းလို့
အိပ်နေတယ်တဲ့အဲ့ဒါကြောင့်ပြန်သွားပြီး
သူတို့ကိုသွားခေါ်လာတာ ဒါနဲ့အစ်ကိုကဘာဖြစ်တာလဲ

"ငါခါးနာနေလို့

"ခါးနာတယ်ဟုတ်လား တစ်ခုခုလေးပင်တာ မ မိလို့လား

"အိပ်ရင်းနဲ့ဖြစ်တာလား တိုက်ခိုက်ရင်းနဲ့ဖြစ်တာလား

အကုန်လိုက်မေးနေတဲ့ယွန်နာနဲ့မင်ဆန်းဂီကြောင့်
မူယောင်းစိတ်ညစ်လာရတော့သည်။

System Ku KueOnde as histórias ganham vida. Descobre agora