arc-(1.7)End

301 23 0
                                    

Zawgyi

"ယန်ယန်...သူငယ်ချင်း မင်းမျက်ကြီးလဲချိုချဉ်ထင်လို့အကောင်တွေတက်လာအုံးမယ်နော်...

"ဟမ် ငါ့မျက်နှာဘာဖြစ်လို့လဲမဖြစ်ပါဘူး အဟမ်း

"သူငယ်ချင်းရယ်ဟန်ဆောင်မနေစမ်းပါနဲ့မင်းမျက်နှာကြီးကဒီလောက်ချိုအီနေတာ​သောကြာဂြိုဟ်ကလှမ်းကြည့်ရင်တောင်မင်းပျော်ရွှင်နေမှန်းသိတယ်မင်းနဲ့ချင်းယန်ဝေ့နဲ့ချစ်သူတွေဖြစ်သွားကြပြီလားမှန်မှန်ပြော...

"ချစ်သူတွေတော့မဖြစ်သေးပါဘူးသူက​တော့ငါ့ကိုချစ်တယ်လို့ပြောတယ်ငါလဲစဉ်းစားပေးမယ်လို့ပြောထားတယ်

"ဟုတ်လားသူကရောမင်းကိုဂရုစိုက်ရဲ့လားမင်းသေချာတော့လေ့လာသင့်တယ်သူ့ရဲ့အရင်ကအကြောင်းတွေကိုမင်းသိတယ်မို့လား

"သိပါတယ်ကွာကျေးဇူးပါ သူကခုတလောငါ့ကိုအရမ်းဂရုစိုက်တယ်အရမ်းလဲချစ်တယ်သဝန်လဲအရမ်းတိုတယ်..

"သိတယ်သိတယ်တအားတွေသဝန်တိုတာငါ့ကိုတောင်အဲ့ကောင်ကမကြည်ချင်ဘူး..ဟော..အသက်ရှည်အုံးမှာဟိုမှာလာနေပြီမင်းရဲ့နှလုံးသားကြီး

"ဘာနှလုံးသားကြီးလဲ မင်းနော်...

"ဟားဟားဟား...

ဗိုက်နှိပ်ရယ်ပြီးစနောက်နေတဲ့ရှောင်းကျန့်ကြောင့်ယန်ယန်မျက်နှာကြီးနီကာရှက်​နေတော့သည်

"ယန်ယန် ဒီညနေကိုယ်ပြန်လိုက်ပို့မယ်

"နေ့တိုင်းမင်းနဲ့လိုက်နေကျလေ ငါ့အိမ်ကလူတွေလဲဘာဖြစ်ချင်နေကြမှန်းမသိဘူးငါ့ကိုကားနဲ့မသွားရဘူးတဲ့မင်းနဲ့ပဲသွားရမယ်တဲ့

"ကောင်းတာပဲလေအဲ့ဒါလဲ

"ဘာကောင်းတာလဲ

"ဟိုလေကိုယ်ပြောတာကမင်းပဲတစ်ယောက်ထဲသွားရတာစိတ်မချဘူးလေကိုယ်နဲ့သွားတော့စိတ်ချရတာပေါ့

"တစ်သတ်လုံးဒီလိုပဲကျောင်းသွားတာပဲလေခုမှဘာစိတ်မချတာလဲ

"အရင်ကကိုယ်မှမင်းကိုတရားဝင်မလိုက်​သေးတာစိတ်မချလဲကိုယ်နေရတာပဲလေခုကကျတော့မတူတော့ဘူးလေ..

System Ku KueWhere stories live. Discover now