arc-(1.5)

427 37 8
                                    

Zawgyi

မီးရောင်စုံတောက်ပနေတဲ့ခြံဝန်းကြီးတစ်ခုထဲတွင်ဖြစ်သည်
လုပ်ငန်းရှင်အသိုင်းအဝိုင်းကြီးမှလူများသာ
တက်ရောက်တဲ့ပွဲဖြစ်ပြီး လုပ်ငန်းရှင်သားသမီးများလဲတက်ရောက်ကာ
အားလုံးကသူ့ထက်ငါအပြိုင်အဆိုင်လှပအောင်ပြင်ဆင်ဝတ်ဆင်ထားကြပြီးပါတီပွဲဆိုသည်ထက်သားသမီးလေလံတင်ပွဲလို့ပြောရင်ပိုမှန်လိမ့်မည်

ထိုသို့အားလုံးကလှပစွာပြင်ဆင်ဝတ်စားထားသော်လည်း
တစ်စုံတစ်ယောက်သောအမျိုးသမီးကိုတော့မမှီပါလေ

ပွဲတက်ဝတ်ရုံရှည်အနီရောင်ကိုပေါင်လည်လောက်ထိခွဲထားပြီးသူမရဲ့ဖြူဖွေးစွံ့ကားနေတဲ့ရင်သားတွေကိုလည်းဖော်ပြထားသေးသည် သူမရဲ့ဖြူလွှလွှအသားအရည်နဲ့
သူမရဲ့အားလုံးအပေါ်ပြုံးပြနေတဲ့အပြုံးကဖြူစင်သယောင်ထင်ရပေမယ့် သူမမျက်လုံးထဲတွင်အားလုံးကိုမတူမတန်သလိုဆက်ဆံချင်နေတဲ့အကြည့်တွေကအပြည့်

"ယန်းလီကို တို့ကသိပ်သဘောကျတာယန်းလီကိုတက္ကသိုလ်ကျောင်းသူတို့တကယ်မထင်ခဲ့ဘူး အထက်တန်းတက်နေတဲ့ကျောင်းသူလေးလိုပဲ
နုပျိုလိုက်တာတို့တွေကိုလဲလျို့ဝှက်ချက်လေးတွေရှိရင်မျှပါအုံး..

ကျောက်ယန်းလီလဲရှက်ပြုံးလေးပြုံးပြီးဆံပင်လေးသပ်ကာ

"ရှင်တို့ကမြှောက်နေပြန်ပါပြီကျွန်မမှာဘာလျို့ဝှက်ချက်မှမရှိပါဘူး ဟင်းဟင်း..ဟင်း

ထိုအချိန်အားလုံးရဲ့အာရုံကိုဖမ်စားသွားစေတဲ့ကားနှစ်စီးပြိုင်တူရပ်လာခြင်းပင် ပထမကားတစ်စီးမှအမျိုးသားတစ်ဦးထွက်လာပြီးအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာသပ်သပ်ရပ်ရပ်ဖြီးထားတဲ့ဆံပင်နဲ့အားလုံးငေးလောက်အောင်အထိစွမ်းဆောင်နိုင်သည့်ကိုယ်နေဟန်ထားအပြစ်ဆိုစရာမရှိအောင်ချောမောခန့်ညားသူ
အကြည့်စူးစူးတွေနဲ့အားလုံးကိုဖိနှိပ်နေတဲ့အရှိန်အဝါတွေကထုတ်လွှတ်နေသေးသည်

"အဲ့ဒါMr Wang Yi Boမလား အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့လုပ်ငန်းရှင်လေ

"သူနဲ့သာချစ်ခွင့်ရရင်ငါတော့သေပျော်ပြီ

အားလုံးကမှတ်ချက်အမျိုးမျိုးပေးနေကြတဲ့အချိန်မှာ
ဝမ်ရိပေါ်က​တော့ကားဘေးကနေပတ်သွားကာ
ကားတံခါးကိုညင်သာစွာဖွင့်ပေးလိုက်တော့
အထဲမှသွယ်လျတဲ့လက်လေးတစ်ဖက်ထွက်လာခဲ့တယ်

System Ku KueWhere stories live. Discover now