Happy New Year

347 32 4
                                    

Zawgyi

မီးရောင်စုံတွေနဲ့သိပ်ကိုခမ်းနားတဲ့
စင်မြင့်ကျယ်ထက်တွင် ဖျော်ဖြေနေတဲ့ကောင်လေး
သူ့ရဲ့အကမှာစိတ်နှစ်ထားပုံပေါ်တဲ့ကောင်လေးက
တည်တည်ငြိမ်ငြိမ် ပရိတ်သတ်တွေရဲ့အားပေးသံတွေကလဲဆူဆူညံညံ

"ဝမ်ရိပေါ်....... အား..ချောလိုက်တာ..

"ကနေတာလေးကကွာ ဒီရင်ကိုခြွေနေတာ

"ငါ့လောင်ကုန်းမို့အာ့လောက်တော်နေတာနေမှာ...

အဲ့လိုပြောနေတဲ့သူတွေကြားထဲတွင်
အသံအပြဲဆုံးစွာစိလန်အဖွဲ့ကိုမည်သူမျှနိုင်မည်မထင်

"အား...ကျန့်ကောရဲ့လောင်ကုန်းမို့ထင်တယ်
တော်လိုက်တာ အား...ချောလိုက်တာ..

"ဝမ်ရိပေါ် !!!ဝမ်ရိပေါ်!!!ဝမ်ရိပေါ်!!!!

အကျိတ်အနယ်အားပေးနေကြတဲ့ လူတွေရဲ့အလွန်
ကားပါကင်တစ်ခုတွင် ကားထဲတွင်ထိုင်ကာ
Liveကြည့်ရင်းပြုံးနေသည့်
အမျိုးသားတစ်ဦးလည်းရှိပါ၏

ထိုအမျိုးသားကား အသက်30ကျော်ရယ်လို့မထင်ရက်စရာကောင်းလောက်အောင် ချောမောလွန်းပါ၏

မျက်ခုံးထူထူလေးရယ် မျက်တောင်စိပ်စိပ်လေးတွေဝန်းရံထားတဲ့
မျက်လုံးစိုစိုတောက်တောက်လေးတွေ

ပြုံးလိုက်ရင်ပေါ်လာတဲ့ပါးချိုင့်လေးရယ်
ပြုံးနေတဲ့နှုတ်ခမ်းရဲရဲလေးအောက်က မှည့်နက်လေးရယ်
အရာအားလုံးကဆေးရောင်စံခြယ်ထားတဲ့ပန်းချီကားတစ်ချပ်ထက်ကိုငေးကြည့်ချင်စရာကောင်းလှပါ၏

"မောင်ကတကယ့်အချစ်ခံလေး...

တစ်ယောက်ထဲတိတ်တိတ်လေးရေရွတ်ကာပြုံးနေတဲ့ထိုအမျိုးသား..

သိပ်မကြာပါ ကားတံခါးကိုဖွင့်ကာဝင်လာတဲ့အဖြူရောင်အရိပ်ကလေး

"ဟင်...ကော

"မောင် ပင်ပန်းသွားပြီလား...

"ကောကိုမြင်လိုက်ရတော့မောင်မပင်ပန်းတော့ဘူး

"မောင်ကသိပ်စကားတက်တာပဲ..

ရိပေါ်လဲ ရှောင်းကျန့်ကိုရင်ခွင်ထဲတင်းကျပ်နေအောင်
ဖက်ထားရင်းဖြင့်အလွမ်းဖြေပြီးမှ

System Ku KueWhere stories live. Discover now