arc-(2.1) မူယောင်း

318 25 0
                                    

Zawgyi

"ဟင်...ငါလေပေါပျံနေတာလား

[Hostအဆင့်ကလေပေါ်ပျံနိုင်တဲ့ဇာတ်ကောင်မရဘူးနော်
အောက်ကိုငုံ့ကြည့်လိုက်ပါ]

ရှောင်းကျန့်အောက်ကိုငုံ့ကြည့်လိုက်တော့သစ်ပင်ပေါ်ရောက်
နေတာပင်

"အမလေး သစ်ပင်ထိပ်ဖျားမှာဟ ဟင်အောက်ကဘာကောင်တွေလဲ

ဒိုင်နိုဆောအသေးစားလိုအကောင်တွေပင်သူရောက်နေတဲ့သစ်ပင်အောက်မှာ10ကောင်တော့ကျော်မည်ထင်သည်

"သစ်ပင်ပေါ်ကလုံခြုံတယ်ဇာတ်ကြောင်းအရင်ပို့

ရှောင်းကျန့်လဲခေါင်းထဲဝင်လာတဲ့ဇာတ်ကြောင်းတွေကြောင့်
ခေါင်းထိုးကိုက်လာတာကြောင့်မျက်လုံးကိုမှိတ်ထားလိုက်ပြီးမှဇာတ်ကြောင်းဖတ်လိုက်တယ်

ကမ္ဘာကတော့သာမာန်ကမ္ဘာလေးပါပဲ
သာမာန်မဟုတ်တာကသူတို့ရောက်နေတဲ့နေရာပင်
ကိုးရီးယားမှာဂိမ်းအသစ်တစ်ခုဖြန့်ဖြူးခဲ့သည်
ဒီဂိမ်းကထူးခြားသည်ချမ်းသာတဲ့အခွင့်ထူးခံတွေအတွက်
သီးသန့်ဂိမ်းတစ်ခုသာဖြစ်သည်

ဂိမ်းထဲတွင်အပန်းဖြေဥယျာဉ် ကမ်းခြေ အပြင်မှာမရနိုင်ပဲ
သာယာတဲ့မြင်ကွင်းအားလုံးရှိပြီး ဂိမ်းရဲ့ထူးခြားချက်က
ကစားသူကိုယ်တိုင် Phone Systemနဲ့ချိတ်ဆက်ကာ
ဝင်ရောက်ကစားနိုင်တာဖြစ်သည်

ဂိမ်းထဲဝင်ရောက်ဖို့ရာဂိမ်းဇာတ်ကောင်ဝယ်ယူရမည်ဖြစ်ပြီး
ဂိမ်းဇာတ်ကောင်တစ်ခုအတွက်ငွေကြေးအမြောက်အများအသုံးပြုရသည်

ဂိမ်းထဲဝင်ရောက်ကာလှပတဲ့ကျောက်မျက်တွေကိုရှာဖွေရတာဖြစ်ပြီး အပန်းဖြေတဲ့ဂိမ်းဆိုရင်လဲမမှားပေ

တစ်နေ့မှာအဲ့ဒီ့ဂိမ်းကိုတည်ဆောက်ခဲ့တဲ့လူကဂိမ်းအသစ်တစ်ခုတည်ဆောက်ခဲ့ပါတယ် အဲ့ဒီ့ဂိမ်းကသန္ဓေပြောင်းသတ္တဝါတွေနဲ့စွမ်းအားရှင်လူသားတွေကြားကတိုက်ပွဲအကြောင်းဖြစ်သည်

အဲ့ဒီ့ဂိမ်းအပြီးသတ်နဲ့နေ့မှာ computer screemက
ထူးထူးခြားခြားအမှောင်ကျသွားပြီးဂိမ်းနှစ်ခုပေါင်းစည်းသွားခဲ့သည် ဂိမ်းထဲတွင်ရောက်ရှိနေသူအားလုံးပြန်ထွက်မရပဲပိတ်မိသွားကာဖြစ်ပေါ်လာသည့်အန္တရာယ်များကိုရင်ဆိုင်ကြရတော့သည်
ဂိမ်းရဲ့စည်းမျဉ်းကတော့နောက်ဆုံး
Final Bossပေါ်ထွက်လာသည်ကို​အောင်မြင်စွာနှိမ်နင်းနိုင်မှသာအပြင်သို့ပြန်လည်ထွက်ခွာနိုင်မည်ဖြစ်သည် ဂိမ်းထဲတွင်သေဆုံးပါကအပြင်ကိုပြန်မထွက်နိုင်ပဲတကယ်သေဆုံးတာဖြစ်သည်
မူလဂိမ်းမှစုဆောင်းထားသော
ကျောက်မျက်အရေအတွက်အပေါ်မူတည်ပြီးလက်နက်တွေ
ပိုင်ဆိုင်ပြီး သန္ဓေပြောင်းသတ္တဝါတွေကိုသတ်လို့ရရှိလာတဲ့
အမြုတေတွေကိုရောင်းချကာလက်နက်များဝယ်ယူစုဆောင်းနိုင်သည်

System Ku KueUnde poveștirile trăiesc. Descoperă acum