"အူ ဝဲ....အူဝဲ...."
ဟင်....
ဆရာတော်မှာ တံမြက်စည်းလှည်းနေရင်း ကြားလိုက်ရသည့် ကလေးငိုသံကြောင့် လှုပ်ရှားမှုတို့ရပ်တန့်ကာ အသံကို နားစွင့်မိလိုက်သည်။
"အူဝဲ အူဝဲ...."
ထပ်မံကြားလိုက်ရသောအသံကြောင့် ဇဝေဇဝါဖြစ်နေရင်းမှ ဆရာတော်ဟာ တံမြက်စည်းအား သရက်ပင် ပင်စည်တွင်ထောင်ကာ အသံလာရာ ကျောင်းမုခ်ဝဆီသို့လျှောက်လို့လာလေသည်။
"အူဝဲ အူဝဲ...."
ထိုအခါ ကျောင်းမုခ် သံတိုင် ဆွဲတံခါးအပြင်ဘက်ရှိ အနှီးထုပ်ထဲ ငိုနေသည့် ကလေးအားတွေ့လိုက်ရကာ အံ့ဩသင့်သွားရှာ၏။
ထို့နောက် ဆရာတော်ကိုယ်တိုင်တရားဖွင့်ကာ ကလေးငယ်အား မြေကြီးပေါ်မှ ပွေ့ယူလိုက်သည်။
ဆရာတော်လက်ထဲရောက်ချိန်မှာတော့ နီတာရဲလေးမှာ ဘယ်မျှလောက် ငိုထားသည်မသိ မောပန်းနွမ်းနယ်လျက် ရှိုက်လို့နေလေသည်။
"အော် သနားစရာ လူသားလေးပါတကာ....အင်း...
အနိစ္စ ဒုက္ခ အနတ္တ
အနိစ္စ ဒုက္ခ အနတ္တ"ဆရာတော်မှာ ကလေးငယ်အားကြည့်ကာ သနားဂရုဏာသက်လျက် သက်ပြင်းကိုသာချလျက်ရှိသည်။
....
သူ့နာမည် မောင်ထူးသာတဲ့....ဘုန်းဘုန်းက သောကြာသားမို့ပေးထားလေရဲ့....
ဒါပေမယ့်လည်း ရပ်ကွက်ထဲကတော့ ဖိုးသာထူးလို့ပဲခေါ်ကြတယ်။
တပေါင်းလပြည့်နေ့ ငွေလထိန်ထိန်သာတဲ့ ညမှာ သူ့ကိုမွေးခဲ့တာပေါ့။
မွေးပြီး ဘုန်းကြီးကျောင်းရှေ့မှာ စွန့်ပစ်ထားခဲ့တာလို့ အကြီးရီးမြင့်ကပြောတာပဲ...
မွေးကင်းစ သူ့ကို ဆရာတော်ရဲ့ ဒကာ ဒကာမတွေက လာကြည့်ရင်း မျက်ဖန် စိမ်းစိမ်းလေးနဲ့ အသားဖြူစွတ်နေလို့ နိုင်ငံခြားသားကလေးများလား လူဝင်စားများလားဆိုပြီး ထင်ကြပြောကြသေးတယ်တဲ့....
သူ့မှာ မွေးကင်းစ နီတာရဲလေးမို့ နို့တိုက်ဖို့အခက်အခဲကြုံပြန်တော့ ဘုန်းကြီးကျောင်းရဲ့ နောက်နှစ်လမ်းက ဒေါ်သင်းသင်းဆိုသည့် အမျိူးသမီးကြီးဆီမှာ သွားသွားတိုက်ရတယ်တဲ့။
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....
General Fiction"မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး....ထူးသာရယ်" သူ့ဆူရင် တုန်လှုပ်ကြောက်လန့်ပြီး နောက်ကျ...
part 1
Start from the beginning