Part - 15

1.3K 119 3
                                    

*( 8 Letters song လေးဖွင့်ရင်းဖတ်ပေးပါ )*

Unicode

Back To December.

" ထယ်ထယ်ရာ မသွားနဲ့တော့လေကွာ .. နောက်ရက်တွေကျန်သေးတာကို နောက်မှအတူလည်မယ်လေကွာ နော် နော် .."

puppy eyes လေးဖြင့်ချွဲလာတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ထယ်ယောင်း boxy smile လေးပေါ်အောင်ပြုံးလိုက်မိသည်။

" မရဘူး Jimin ရဲ့ ငါဒီနေ့တစ်ခုခုထူးခြားမယ်လို့ခံစားမိနေတာ .. လိုက်မယ်ဆိုလိုက်ခဲ့ မလိုက်ဘူးဆိုလဲနေခဲ့လေကွာနော် "

" ဟွန်း .. မင်းအရမ်းပြောရခက်တာပဲ။ သွား .. တစ်ယောက်ထဲသွားတော့ "

စိတ်ကောက်နေသူခေါင်းလေးကိုပုတ်ရင်း နှုတ်ဆက်ကာထွက်လာလိုက်သည်။
ဆောင်းဦးရဲ့ အေးမြလှတဲ့လေထုက ဝတ်ထားတဲ့အညိုရောင်ဆွယ်တာလေးကိုဖြတ်ရင်း ခန္ဓာကိုယ်အနှံ့ဖြတ်ပြေးနေသယောင်။
အညိုရောင်ဆံနွယ်အုပ်အုပ်တို့ကိုဆီမသိမ်းပဲ ဖွထားသည်ကပင်အလွန်ကြည့်ကောင်းနေလေပြီ။

ဟန်မြစ်ကြီးရဲ့လျှောက်လမ်းတစ်နေရာမှာရပ်ရင်း ထွက်ခါစနေရောင်ခြည်ကိုမျက်နှာမူကာ လတ်ဆတ်တဲ့လေထုကိုခံစားနေသည်။
ဆံနွယ်ညိုတို့ဟာလေနှင့်အတူလွှင့်မြောလျှက်။

ထိုအခိုက်လမ်း၏တစ်ဖက်တွင် ရုတ်တရက်ဆိုသလို ရောက်ချလာရင်း အသီးသီးထိုးရပ်သွားကြတဲ့ကားအမျိုးအစားတွေ။
စိတ်ဝင်တစားကြည့်နေမိတုန်း

" ti .. ti .. "

" အင်း .. minnie ပြော "

" ..... "

" ငါလား .. အခုဟန်မြစ်ဘက်ရောက်နေတာလေ .. သိပ်လှတယ်ကွ မင်းမလိုက်တာနောင်တရစရာပဲ "

" ..... "

" အဟား .. စိတ်မဆိုးပါနဲ့ ပြန်လာရင်တစ်ခုခုဝယ်ခဲ့ပါ့မယ် .."

ပြုံးရယ်ကာစကားပြောနေရင်း လှည့်အကြည့်ခိုက် မြင်လိုက်ရတဲ့ပုံရိပ်တစ်ခုကြောင့် ဖုန်းကိုင်ထားဆဲလက်တို့ကရပ်တန့်သွားသည်။

" ဟယ်လို ထယ်ထယ် .. ကြားလားငါပြောနေတာ "

တစ်ဖက်မှစကားသံတို့လဲနားထဲမရောက်။
ထိုပုံရိပ်ဆီသို့သာ အာရုံတွေကစုစည်းနေလျှက်။
ငြိမ်သက်စွာကြည့်နေရင်းပင် ထိုလူဟာ တစ်နေရာသို့ဦးတည်ရန်ပြင်တော့သည်။

8 Letters ( Completed )Where stories live. Discover now