Part - 7

1.9K 144 1
                                    

Unicode

Joon ဒီနေ့အသိတစ်ယောက်ကိုလေဆိပ်မှာလာကြိုပြီးအပြန် seoul tower ရှေ့ခဏဝင်လာခဲ့လိုက်သည်။
Jungkook idol ဖြစ်ကတည်းကသူ့မှာအားလပ်ချိန်ဆိုတာမရှိ။
Company နဲ့ အိမ် အမြဲဒွန်တွဲနေတာချည်း။
ကိုယ့်မှာအလုပ်ရှုပ်နေသလောက် ဟိုသကောင့်သားကတော့ အေးအေးလူလူပင်။
တစ်ခါတစ်လေ သူက idol လား ကိုယ်က idol လားမသဲကွဲ။
အခုလိုစိတ်အပန်းဖြေချင်တာတောင်သေချာမဖြေရ။
ပြောစကားပင်မဆုံးသေး မြည်လာတဲ့ ph

" ပြော !! "

" ...... "

" သိတယ်ဒါပဲမလား ထပ်မဆက်နဲ့ "

" ..... "

" အ့ "

စိတ်တိုတိုနဲ့ ph ချပြစ်လိုက်ရင်းအနောက်ပြန်လှည့်အခိုက် လူတစ်ယောက်နဲ့ဝင်တိုက်မိသည်။
လဲကျသွားတာကြောင့် အရှိန်ပြင်းသွားမှန်းသိလိုက်ကာ ဆွဲထူပေးရန်လက်ကမ်းရင်း

" အဆင်ပြေရဲ့လား "

တစ်ဖက်လူကမော့ကြည့်လာတဲ့တစ်ခဏ joon ကမ္ဘာကြီးရပ်တန့်သွားတယ်။
ထိခိုက်မိတာကြောင့် ပွန်းပဲ့သွားပုံရတဲ့လက်ကလေးကိုကိုင်ရင်း မျက်ခုံးတန်းတို့ကိုစုကြုံ့ထားသည်။

ရင်ဘတ်တစ်နေရာက ထူးဆန်းစွာမြည်ဟီးလာတယ်။

မြင်နေရတဲ့ မျက်ဝန်းလေးတွေကဆွဲဆောင်မှုအပြည့်။
အသဲပုံသဏ္ဌာန်နှုတ်ခမ်းပါးတစ်စုံက ဆေးမကူပါပဲ ပန်းနုရောင်သန်းလို့။
အစိတ်အပိုင်းတစ်ခုခြင်းကိုခြုံငုံစွာလိုက်ကြည့်ရင်း လောဘကြီးစွာပိုင်ဆိုင်ချင်လာမိသည်။
ထိုအရာတွေကို တစ်သသထိတွေ့ချင်လာမိသည်။
တစ်ဖျပ်ဖျပ်မှိတ်နေတဲ့ မျက်ဝန်းဆီကမျက်တောင်တွေကို ဘယ်နှပင်ရှိသလဲတစ်နေကုန်ထိုင်ရေချင်နေတော့တဲ့အထိ ခံစားချက်ကပြင်းထန်လာသည်။

စိတ်လွတ်လက်လွတ်ကြည့်နေမိတုန်း..

" ဒီမှာ "

ကိုယ့်မျက်နှာရှေ့ဝှေ့ယမ်းကာခေါ်လာတဲ့လက်ကလေး။

" ဗျာ "

" ဆွဲထူအုံးလေ ဘာကြောင်ကြည့်နေတာလဲ "

ခပ်စွာစွာအသံလေးကြားကာမှထူဖို့သတိရတော့သည်။

8 Letters ( Completed )Where stories live. Discover now