Part - 5

2K 159 8
                                    

Unicode

" အဆင့်သင့်ဖြစ်ပြီလားအကိုလေး အလှည့်ရောက်တော့မယ် "

mic စမ်းနေတုန်း အပြေးအလွှားရောက်ချလာတဲ့ Ben
နာမည်ကြီး solo idol ​တွေရဲ့ concert မို့ ဒီနေရာမှာကျွန်တော်ကမပါမဖြစ်။

" ပြီးပြီ တက်ဆိုရုံပဲ "

ပန်းနုရောင် coat နဲ့ ပန်းနုရောင် style pants တွဲဖက်ဝတ်ထားတဲ့ကျွန်တော့်ကို Ben က ထူးဆန်းသလိုကြည့်သည်။

" အကိုလေးက ဘယ်လိုဝတ်ဝတ်ကိုချောနေတာပဲ "

" မြှောက်ပြောနေတာ လစာကြိုထုတ်ချင်လို့လား "

" ဟာ အကိုလေးကလဲ မဟုတ်ပါဘူး ကျွန်တော်ကတကယ်ပြောနေတာကို "

ဂျောင်ကုကျေနပ်သလိုတစ်ချက်ရယ်လိုက်ရင်း..

" ဟုတ်ပါပြီ နားနေခန်းထဲမှာ fan တွေပို့ထားတဲ့ ပစ္စည်းတွေရှိတယ် သေချာယူသွား "

Ben ကခေါင်းညိမ့်ပြလာသည်။

" Jungkook မင်းအလှည့်ရောက်ပြီ "

ခေါ်လာတဲ့အသံကြောင့် အတွေးတို့ကိုဖြတ်ပြီး မှန်တစ်ချက်ကြည့်ကာသေသပ်အောင်ပြန်ပြင်ရင်း ကိုယ်နဲ့မကွာအမြဲဆောင်ထားတဲ့ပုံလေးကိုထုတ်လိုက်သည်။

" ကျွန်တော့်ဆီကိုကံကောင်းမှုတွေယူလာပေးပါအုံး ကျွန်တော့် angel "

နှုတ်ခမ်းဖြင့်တစ်ချက်ထိကပ်နမ်းလိုက်ရင်း အိတ်ကပ်ထဲသေချာပြန်ထည့်ကာ state စင်ရှိရာသို့..။

**

" အကိုလေးရေ candy candy "

ဖျော်ဖြေပွဲအပြီး schedule မရှိတာကြောင့် အိမ်ပြန်နားရင်းအကို့အကြောင်းတွေးနေတုန်း Ben အသံကနားထဲဝင်လာသည်။

" ဘာ candy လဲ "

" သကြားလုံးလေ အကိုလေး "

" မင်းကြီးတော်ကြီး သကြားလုံးကမင်းပြောမှလား အဲ့ candy ဘာလုပ်ဖို့လဲမေးနေတာ "

ထိုသို့ပြောလိုက်မှ Ben က ခေါင်းကုတ်ကာ ရယ်လိုက်ရင်း

" candy နဲ့ စာအိတ်လေအကိုလေးရဲ့ အခုရောက်လာတာ "

Benလက်ထဲမှစာအိတ်ကိုယူကြည့်မိတော့ အညိုရောင်မှိုင်းမှိုင်းလေး။

8 Letters ( Completed )Where stories live. Discover now