Part - 14

1.2K 114 16
                                    

Unicode

နေ့စဥ်ရက်ဆက် ဂျောင်ကုအရက်တွေမူးအောင်သောက်ရင်းနဲ့ပဲအချိန်ကုန်လာတော့သည်။
ထိုသို့မူးနေတဲ့အချိန် ဘာဆိုဘာမှသတိမရတော့တာမျိုးကိုလိုချင်တာကြောင့် အရက်တွေသာဖိသောက်နေလိုက်သည်။
ထမင်းလဲပုံမှန်မစားဖြစ်၊ သူ့ပုံစံကအရင်ထက်အနည်းငယ်ကွာချင်နေသယောင်။
အသန့်ကြိုက်တဲ့လူရဲ့အခန်းထဲလဲ ဘီယာဗူးခွံတွေ ဖန်ကွဲစတွေအပြည့်ဖြစ်လာတော့သည်။
schedule တွေလဲအကုန်ဖျက်ရင်း jungkook နေချင်သလိုကိုနေနေတော့သည်။

idol Jeon Jungkook ကပျက်စီးစပြုနေပြီဖြစ်သည်။

အရင်လိုလှုပ်ရှားမှုတွေမတွေ့ရတာကြောင့် media တွေရဲ့အမျိုးမျိုးထင်ကြေးပေးမှုကိုခံနေရပေမဲ့ သူဂရုမစိုက်ချင်။
Joon hyung ခဏခဏလာဆူနေတာသိပေမဲ့ နားမထောင်မိတော့ပါ။
အခုချိန်ဘယ်သူ့စကားမှသူ့ခေါင်းထဲမရောက်။
ထိုစကားတစ်ခွန်းကသာ သူ့နားထဲတစ်ဝဲလည်လည်ဖြစ်နေတော့သည်။

* မချစ်ဘူး .. မချစ်ဘူး .. မချစ်ဘူး *

" ဟာကွာ!! တောက်စ် "

ထပ်ခါထပ်ခါကြားနေရပါများတော့ သူ့စိတ်ကိုဒီ့ထက်ပိုမထိန်းနိုင်တော့ပါ။
ရှိရှိသမျှ ပစ္စည်းတွေကိုရိုက်ခွဲရင်း စိတ်ပြေစေရန်ကြိုးစားနေတော့သည်။

" ဒုန်း! .. ခွမ်း! "

ကုန်သလောက်ရှိတော့မှစိတ်ကိုလျှော့လိုက်ရင်း အရူးတစ်ယောက်လိုအော်နေမိတော့သည်။

" ရက်စက်တယ် ခင်ဗျားရာ!! သေလောက်အောင် .. သေလောက်အောင်ချစ်မိသွားတော့မှ .. "

" Jungkook!! "

လက်ထဲမှ radio ကိုရိုက်ခွဲဖို့ပြင်နေစဥ် Joon hyung ကအခန်းထဲစိုးရိမ်တကြီးဝင်လာရင်း radio ကိုဆွဲယူလိုက်သည်။

" မင်းဘာတွေလုပ်နေပြန်တာလဲ Jeon Jungkook! မင်းကိုတစ်ယောက်ထဲနေပါစေဆိုပြီးလွှတ်ထားတာ ဒီလိုတွေတွေ့ရဖို့မဟုတ်ဘူးကွ! မင်းစိတ်မင်းထိန်းနိုင်အောင်နေပေးနေတာ မင်းပုံစံမင်းပြန်ကြည့်စမ်း World treasure Jeon Jungkook က ဒီလိုဖြစ်နေမှတော့ မင်းကိုဘယ်သူကအားပေးတော့မှာလဲ ဒီလိုပဲနေတော့မလို့လား "

" hyung ထွက်သွား .. ကျွန်တော်တစ်ယောက်ထဲနေချင်တယ် "

" နားထောင်စမ်း .. အရူးထမနေနဲ့တော့ မေ့လိုက် "

8 Letters ( Completed )Where stories live. Discover now