Part - 1

8.5K 325 5
                                    

Unicode

မနက်ခင်းနေရောင်ခြည်ဟာ ကမ္ဘာတစ်ခုလုံးလွှမ်းခြုံနေတယ်။
ဆောင်းဦးရဲ့အေးစက်စက်လေထုက လူကိုရိုက်ခတ်နေတယ်။

ရှုပ်ထွေးလှတဲ့လမ်းအသွယ်သွယ်တွေနဲ့ များပြားလှတဲ့လူတွေကြားမှာရှိနေခဲ့တဲ့ကောင်လေးတစ်ယောက်..။
လူအများကြားသာမာန်လူတစ်ယောက်နည်းတူသွားလာနေခဲ့တယ်..။

ထိုကောင်လေးသွားရာနောက်ကို ထပ်ကြပ်မကွာလိုက်ပါနေတဲ့ လူတွေ..

Korea နိုင်ငံရဲ့ထိပ်တန်း
World treasure လို့အများကခေါ်တွင်ကြတဲ့သူက

" Jungkook Jeon "

အပေါ်အောက်အနက်ရောင်တို့ကိုသာဝတ်ဆင်ထားပေမဲ့ အများနဲ့မတူစွာအရှိန်အဝါတစ်ခုထင်းထွက်နေတယ်။

' Dream '

မြင်နေရတဲ့ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်ရင်း အထဲသို့ဝင်လာလိုက်သည်။

အတန်ကြာမှခန့်ညားတဲ့အမျိုးသားတစ်ဦးနဲ့အတူပြန်ထွက်လာရင်း ဆိုင်ရှေ့မှာပဲနှုတ်ဆက်လိုက်ကာ ကားဆီသို့ပြန်လာခဲ့လိုက်သည်။

" အဆင်ပြေခဲ့လား အကိုလေး "

ကားတံခါးဖွင့်ကာစောင့်နေတဲ့သူထံမှ ထွက်လာတဲ့စကား။

" ပြေတယ်Ben နောက်နှစ်စာချုပ်ချုပ်ဖို့သူစီစဥ်ပေးလိမ့်မယ် "

" တော်သေးတာပေါ့ မဟုတ်ရင် အကို Joon ဆူတာခံရတော့မှာ "

ထိုစကားကြောင့်ပြုံးလိုက်မိရင်း မျက်လုံးကစားကြည့်မိတော့ ရပ်နေတဲ့နေရာနဲ့ အနည်းငယ်အကွာမှာ ပုံမှန်ထက်စုရုံးနေတဲ့လူတွေ

" ဘာလို့ လူတွေအဲ့လောက်အုံနေကြတာလဲ "

ညွှန်ပြတဲ့နေရာသို့တစ်ချက်ကြည့်ရင်း

" အကိုလေး ဆိုင်ထဲဝင်သွားတဲ့အချိန်ပဲ accident တစ်ခုဖြစ်ခဲ့တာ ပွဲချင်းပြီးသွားတယ်ထင်တယ် "

ထိုလူတွေကြားထဲခဏကြာကြည့်ရင်း သက်ပြင်းယဲ့ယဲ့ချမိသည်။

" ပြန်ကြမယ်လေအကိုလေး "

" အင်း ပြန်မယ် "

စိတ်မကောင်းစွာကြည့်နေရင်းမှ ကားပေါ်သို့တက်လာလိုက်သည်။

8 Letters ( Completed )Donde viven las historias. Descúbrelo ahora