Part - 9

1.6K 124 2
                                    

Unicode

* ဟိတ် .. ဘာလို့ငိုနေတာလဲ *

* ကိုကိုက Candy ကျွေးမယ် *

* လိုက်ပြောကြည့် .. ကိုကို *

* အကို မဟုတ်ဘူး ကိုကိုပါဆို *

နားထဲတိုးဝင်နေတဲ့စကားသံတွေ..။

လက်သေးသေးတစ်ဖက်က candy ကိုကိုင်ထားရင်းကျန်တစ်ဖက်ဖြင့် အရှေ့မှ ခေါင်းလုံးလုံးလေးကိုခပ်ဖွဖွကိုင်ထားသည်။
ငိုနေသည့်ကောင်လေးကမော့ကြည့်လာရင်း ပြုံးလိုက်သည်ထင်။

တဖြည်းဖြည်းပြောင်းလဲလာတဲ့အမှောင်ရိပ်။
အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ကားတစ်စီးရဲ့ မီးအလင်းရောင်ကစူးထင်းနေတယ်။

ထိုကားရှေ့တိုးဝင်သွားတဲ့ကလေးငယ်..။

* ဟေ့ .. အရှေ့မှာ!! *

ပွင့်လာတဲ့မျက်ဝန်းတို့ကိုဝေဝဲကြည့်တော့ ရင်းနှီးနေတဲ့အသုံးအဆောင်တွေ။
ဒါ သူ့အခန်းပဲ..။

" ထပ်ပြီးအိမ်မက်ပဲလား "

ချွေးစိုနေတဲ့ အကျီ်ကိုထလဲလိုက်ရင်း အစအဆုံးမရှိသည့်ထိုအိမ်မက်ကိုပြန်မြင်ယောင်လာသည်။
မကြာခဏမက်နေခဲ့တဲ့အကြောင်းအရင်းကဘာလဲ ..

တဖွဖွခေါ်နေခဲ့တဲ့ ကိုကိုဆိုတာရော .. ဘယ်သူလဲ ..။

**

" ဟင် .. အကို SeokJin မလား "

NamJoon မနက်ခင်းလမ်းလျှောက်ထွက်လာရင်းအကိုနဲ့တိုက်တိုက်ဆိုင်ဆိုင်ပင်။
တစ်ခါဆုံဖူးပြီးထဲကနာမည်ကလွဲဘာမှရေရေရာရာမသိခဲ့ရတာမို့ ထပ်မဆုံနိုင်လောက်တော့ဘူးလို့တောင်ထင်နေခဲ့တာ။
ကံကြမ္မာကမရက်စက်ခဲ့ဘူးပဲ..။

" အာ .. Joon "

" ..... "

" ဟုတ်တယ်မလား "

" ဗျာ .. ဟုတ်ဟုတ် "

အကို့နှုတ်ခမ်းကကိုယ့်နာမည်ကိုအဖျားစွတ်ခေါ်လိုက်တာမို့တစ်ခဏကြောင်အသွားတာအမှန်။

" တိုက်ဆိုင်လိုက်တာ .. လမ်းလျှောက်ထွက်လာတာထင်တယ် "

" ဟုတ်တယ်အကို ဒီနေ့မနက်ပိုင်းလဲအားနေတော့လေ .. အကိုကရော "

8 Letters ( Completed )Kde žijí příběhy. Začni objevovat