Chapter 12.2

1.4K 139 20
                                    

Unicode 

"မင်းရဲ့စကားတွေက ဘယ်လိုဘယ်အထိသက်ရောက်သလဲ မင်းသိလား"

ပြေသစ်မင်းဈာန်က ထိုသို့ပြောတော့ နေသန်မြတ်ခေါင်က ဘာမှဆက်မပြောဘဲ ငြိမ်သက်ကာ ပြေသစ်မင်းဈာန်အား အုပ်မိုးရင်း ပြေသစ်မင်းဈာန်၏ မျက်ဝန်းများအားစိုက်ကြည့်နေမိတော့၏။

ထိုနည်းတူ ပြေသစ်မင်းဈာန်ကလည်း နေသန်မြတ်ခေါင်၏ မျက်ဝန်းများထံမှ အကြည့်မလွှဲပါပေ။

ရုတ်တရက်ဆိုသလိုပင် ပြေသစ်မင်းဈာန်က သူ့၏လက်တစ်ဖက်ကို နေသန်မြတ်ခေါင်၏ဦးခေါင်းအနောက်ဖက်သို့ ထိကိုင်လိုက်ပြီး ကျန်တစ်ဖက်က နေသန်မြတ်ခေါင်၏ ပါးပြင်လေးအား ထိကပ်ကိုင်လိုက်ကာ အနည်းငယ်အားသုံးလျက် နေသန်မြတ်ခေါင်အားခေါင်းငုံ့စေကာ နေသန်မြတ်ခေါင်၏ နှုတ်ခမ်းပါးနုနုအား စုပ်ယူငုံထွေးနမ်းရှိုက်လိုက်တော့သည်။

ရုတ်တရက်အနမ်းခံလိုက်ရခြင်းကြောင့် နေသန်မြတ်ခေါင်၏ မျက်ဝန်းအိမ်တို့မှာ အနည်းငယ်ကျယ်သွားခဲ့ပြီး ခဏအကြာတွင်တော့ ချစ်ရသူ၏ အနမ်းများအောက်တွင် စီးမျောသွားခဲ့ကာ နေသန်မြတ်ခေါင်၏မျက်ဝန်းအိမ်တို့မှာ တဖြည်းဖြည်း မှိတ်ကျသွားလေတော့၏။

လျှာဖျားနှစ်ခုက အဆက်မပြတ်ပွတ်တိုက်နေကြပြီး နှစ်ဦးသား၏နှုတ်ခမ်းပါးအစုံတို့များလည်း ထိစပ်နေကာ အနမ်းတို့ကပိုမိုပြင်းထန်လာတော့သည်။

တဲအတွင်း အငမ်းမရစုပ်ယူနမ်းရှိုက်မှုတို့ကြောင့် ထွက်ပေါ်လာသည့် အသံများက နားရှက်ဖွယ်ထွက်ပေါ်လို့လာနေ၏။

ပြေသစ်မင်းဈာန်က သူ့အပေါ်မှ နေသန်မြတ်ခေါင်၏ ခါးအား တင်းကျပ်စွာဖက်လိုက်ပြီးနောက် နှစ်ဦးသား၏အနေအထားအား ပြောင်းလိုက်ကာ နေသန်မြတ်ခေါင်အား အုပ်မိုးရင်း နေသန်မြတ်ခေါင်၏ နှုတ်ခမ်းပါးတို့အား စုပ်နမ်းနေတော့သည်။

လက်တစ်ဖက်ကလည်း နေသန်မြတ်ခေါင်၏ အင်္ကျီအတွင်းသို့လျှိုဝင်သွားကာ နေသန်မြတ်ခေါင်၏ ချောမွတ်နေသည့် ဝမ်းဗိုက်နေရာအား ပွတ်သပ်လို့နေ၏။

အရိုင်းဆန်လာသည့် သူ၏စိတ်အစဉ်အား သတိထားမိတာကြောင့် ပြေသစ်မင်းဈာန်တစ်ယောက် နေသန်မြတ်ခေါင်၏ နှုတ်ခမ်းပါးလေးအား တစ်ချက် ခပ်ပြင်းပြင်းစုပ်ယူကာ လွှတ်ပေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 05, 2023 ⏰

Add this story to your Library to get notified about new parts!

ပြန်လည်နိုးထလာပြီးနောက် အလှလေးကိုပျိုးထောင်ဖို့ အခွင့်‌အရေးရလာတယ်Where stories live. Discover now