Chapter 2_U

1.6K 220 49
                                    

စနစ်၏ စေခိုင်းမှုအရ ပြေသစ်မင်းဈာန်မှာ အမျိုးသားဇာတ်လိုက်၏ ငယ်သူငယ်ချင်း အချစ်ဆုံးသူငယ်ချင်း ဝင်္ကအဖြစ် မစ်ရှင်ထမ်းဆောင်ခဲ့ရသည်။

ပြေသစ်မစ်ရှင် ထမ်းဆောင်ခဲ့ရသည့် ကမ္ဘာမှာ ရှေးခေတ်ကို အခြေခံထားသည့် စွမ်းအားရှင်များကြီးစိုးသည့် ကမ္ဘာတစ်ခုဖြစ်သည်။

ပြေသစ် မစ်ရှင်ထမ်းဆောင်ရသည့် ဇာတ်ကြောင်းမှာလည်း ရိုးရိုးရှင်းရှင်းပင်။

အမျိုးသားဇာတ်လိုက်က မီးစွမ်းအင်နှင့် ရေစွမ်းအင်နှစ်ခုကိုပိုင်ဆိုင်ထားသည့် စွမ်းအားရှင်တစ်ဦးဖြစ်ပြီး စွမ်းအင် ကမောက်ကမဖြစ်မှုကြောင့် မကြာခဏ စိတ်ဖောက်ပြန်တတ်သလို စွမ်းအင်အဆင့်မြင့်တက်လာမှုမရှိလာနိုင်တာကြောင့် အားလုံးက ဆန်ကုန်မြေလေးဟု သတ်မှတ်ခြင်းခံထားရသည့် နန်းတော်မှ ပဥ္စမမင်းသား ဒီပဆိုသူဖြစ်သည်။

အမျိုးသမီးဇာတ်လိုက်က နန်းတော်မှ သမားတော်ကြီး၏ သမီးဖြစ်ပြီး ဝင်္ကကတော့ မင်းကြီး၏ အနှစ်သက်ဆုံးငယ်သူငယ်ချင်း အမတ်ကြီး၏ သားဖြစ်သည်။

ဒီပ၊ အမျိုးသမီးဇာတ်ဆောင် ဘဒ္ဒနှင့် ဇာတ်ပို့တစ်ဦးဖြစ်သည့် ဝင်္ကတို့မှာငယ်စဉ်ကတည်းက နန်းတော်တွင် ကစားဖော်ကစားဖက် သူငယ်ချင်းများဖြစ်ကြကာ အချစ်ဆုံးသူငယ်ချင်းများအဖြစ် ကြီးပြင်းလာကြသည်။

ဝင်္က၏မိခင်ဘက်မှ ဆွေစဉ်မျိုးဆက်များမှာ ကျောက်မျက်ရတနာများရောင်းဝယ်သည့်ကုန်သည်မျိုးရိုးဖြစ်သည်။

နန်းတွင်းရေးရာကိစ္စများကိုစိတ်မဝင်စားသည့် ဝင်္ကမှာတော့ မိခင်ဖြစ်သူ၏ လုပ်ငန်းကိုဆက်ခံခဲ့ပြီး တစ်ရက်တွင်တော့ ဝင်္ကမှာ အိမ်တော်သို့တင်သွင်းလာသည့် ကျောက်များအနက်မှ ထူးဆန်းသည့် ပုံပန်းသဏ္ဌာန်ရှိသည့် ကျောက်တုံးတစ်တုံးကို ကိုင်မိစဉ် ထိုကျောက်တုံးမှ အစွန်းထွက်နေသည့် ကျောက်သားဖြင့် ခြစ်မိသွားပြီး ဝင်္က၏လက်မှသွေးစက်က ကျောက်တုံးအတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။

ထိုအခိုက် ထိုနေရာအတွင်းထူးဆန်းသည့် အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

ပြန်လည်နိုးထလာပြီးနောက် အလှလေးကိုပျိုးထောင်ဖို့ အခွင့်‌အရေးရလာတယ်Where stories live. Discover now