အပြန်အလှန်ငေးကြည့်နေကြသည့် လူနှစ်ဦး။
နှစ်ယောက်သား ဆုံနေမိသည့် အကြည့်တို့အား မလွှဲနိုင်ခဲ့သလို နှစ်ဦးစလုံး၏ စိတ်ထဲတွင်လည်း အကြည့်များအား လွှဲဖယ်ရန် စိတ်ကူးမရှိပါချေ။
အကြည့်ချင်းဆုံမိခိုက် ပိုမိုတိုးမြင့်လာသည့် ချစ်ခြင်း၊ အရှိန်မြင့်လာသည့် နှလုံးခုန်နှုန်း၊ တဖြည်းဖြည်းကျယ်လောင်လာသည့်နှလုံးခုန်သံ ... စသည့်ခံစားချက်များအား နှစ်ဦးသားလွန်စွာနှစ်သက်မိနေပါ၏။
ခံစားချက်များတိုးပွားလာသည့်အလျောက် ချစ်ရသူ၏ အနီးအနားသို့တိုးကပ်ကာ အကြင်နာအနမ်းများ ပေးအပ်ချင်သည့် စိတ်တို့ကထိန်းမရ။
ထိန်းချုပ်မရသည့် စိတ်တို့ကြောင့် မျက်နှာချင်းဆိုင်တည်ရှိနေသည့် နှစ်ဦးသား၏မျက်နှာတို့က တဖြည်းဖြည်းနီးကပ်လာခဲ့ပြီး တစ်ယောက်၏အကြည့်တို့က ကျန်တစ်ယောက်၏ မျက်လုံးများမှဖယ်ခွာကာ နှုတ်ခမ်းများဆီသို့ရွှေ့လျားသွားခဲ့သည်။
စိတ်လှုပ်ရှားမှုတို့ကြောင့် တံတွေးပင်မျိုချမိသွားကြသဖြင့် တစ်ဦးချင်းစီ၏ လည်စလုပ်တို့က ရွေ့လျားသွားခဲ့သလို ရင်ခုန်သံများက ပိုမိုကျယ်လောင်လာတော့၏။
နှစ်ဦးသားတဖြည်းဖြည်းနှင့် နီးကပ်လာကြပြီးနောက် ....
"ကိုပြေသစ် ရေနည်းနည်းလောက်ပေးလို့ရမလား ... နှောက်ယှက်မိတာဆောရီးပါ ... ကျွန်တော်တို့နှစ်ယောက်လုံးရေကုန်သွားလို့"
တဲအပြင်ဘက်မှ သက်ဝေလွင်ဦး၏ အသံကထွက်ပေါ်လာတာမို့ တဖြည်းဖြည်းနီးကပ်လာသည့် မျက်နှာနှစ်ခုမှာ ဖယ်ခွာသွားခဲ့ပြီး နေသန်မြတ်ခေါင်က ခေါင်းကိုအနည်းငယ်ကုတ်လိုက်ကာ တဲအတွင်းလှဲအိပ်လိုက်တော့သည်။
'ကျစ် ... သာသနာဖျက်တွေ'
ပြေသစ်မှာတော့ စိတ်ပျက်လက်ပျက်ဖြင့် တဲအပြင်သို့ထွက်လာကာ သက်ဝေလွင်ဦးယူလာသည့် ရေဘူးများအတွင်းသို့ရေထည့်ပေးလိုက်တော့၏။
'အချိန်ကောင်းမှကွာ'
သက်ဝေလွင်ဦးအား ရေထည့်ပေးပြီးနောက် ပြေသစ် မကျေမချမ်းရေရွတ်ကာ တဲအတွင်းသို့ပြန်ဝင်လာတော့ နေသန်က တစ်ဖက်ခြမ်းတွင် ကျောပေးကာ အိပ်နေလေ၏။
YOU ARE READING
ပြန်လည်နိုးထလာပြီးနောက် အလှလေးကိုပျိုးထောင်ဖို့ အခွင့်အရေးရလာတယ်
Adventureကမ္ဘာပျက်ကပ်ပြီးလို့ အနှစ်ရှစ်ဆယ်ကျော်အကြာ စွမ်းအားရှင်တွေရဲ့ ကမ္ဘာကို အခြေခံပြီး ရေးသွားမှာပါ။ Update ကတော့ ကြာပါမယ် ဟဲဟဲ။