ပြေသစ်မင်းဈာန်ရဲ့ ရင်ဖွင့်မှု

2.4K 56 0
                                    

နေသန်မြတ်ခေါင် ....

ကျောအလယ်ထိရှိပြီး မဲနက်ကာဖြောင့်စင်းနေတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ထားသူ ...

ဇာမဏီမျက်ဝန်း မှ စူးရှတဲ့အကြည့် ...

ဖြောင့်စင်းနေတဲ့နှာတံ ထိပ်မှ မှည့်နက်လေး....

အမြဲလိုလို သွေးရောင်သမ်းနေတတ်သည့် ခပ်ရဲရဲနှုတ်ခမ်းပါးလေးက ဖြူဖျော့ဖျော့ အသားအရည်ထက်မှာ ထင်ရှားနေလျက်...

မြင့်မားသောအရပ်ရှိသော်ငြား အနည်းငယ်ပိန်ပါးနေသော ခန္ဓာကိုယ်ကြောင့် ခန့်ညားမှုဆိုတာထက် နေသန်မြတ်ခေါင် က လူတိုင်းငေးမောရသည့် အလှလေးပင် ...

အင်း .... ပြေ‌သစ်မင်းဈာန် ဆိုတဲ့ သူကလည်း နေသန်မြတ်‌ခေါင်ရဲ့အလှတရားကို ငေးမော‌နေခဲ့ရသည့် သူများထဲမှ တစ်ယောက်အပါအဝင်ဖြစ်သလို ငယ်စဉ်ကတည်းက နေသန်မြတ်ခေါင် ကို တဖက်သတ်ချစ်ခဲ့ရသူတစ်ယောက် ...

နေသန်မြတ်ခေါင် က အလွန်တည်ငြိမ်ကာ အေးစက်စက်နှင့် မည်သူမျှမကပ်နိုင်သည့် ၊ မည်သူမှ လက်လှမ်းမမှီ၊ မခူးယူနိုင်သည့် အမြင့်တစ်နေရာမှာ သီးခြားပွင့်လန်းနေသည့် ပန်းလေး တစ်ပွင့်နှယ်...

တော်ဝင်သည်။

နန်းဆန်သည်။

ကျက်သရေအတိဖြင့် ပြီးပြည့်စုံပြီး ရင်သပ်ရှုမောဖွယ် ကောင်းသည်။

သို့သော်ငြား ပြေသစ်မင်းဈာန် ပြန်လည်နိုးထလာပြီးနောက် သူ၏ နေသန်မြတ်ခေါင် အပေါ်ထားရှိသည့် အမြင်တစ်ချို့မှာ ခွမ်းခနဲ ကြေမွသွားတော့သည်။

ကျစ် ... ဒါ့ကြောင့် လူတွေက "Idol ကို အပြင်မှာ မတွေ့နဲ့ " လို့ပြောကြတာ။

ဒီ နေသန်မြတ်ခေါင် က သေလောက်အောင် ကလေးဆန်ပြီး ဗရုတ်သုတ်ခနိုင်တဲ့ အချွဲတုံး‌လေးဗျို့  ...

အခုလိုပုံစံ‌လေးက ချစ်ဖို့‌ကောင်းတယ်ဆိုပေမဲ့ ဝူးးး ဝူးးး ငါ့ရဲ့ နန်းဆန်လှတဲ့ အလှလေးက ဘယ်ရောက်သွားတာလဲ!!!

ပြန်လည်နိုးထလာပြီးနောက် အလှလေးကိုပျိုးထောင်ဖို့ အခွင့်‌အရေးရလာတယ်Where stories live. Discover now