Chapter 5_U

1.2K 188 35
                                    

ပြေသစ်၏ စကားအဆုံး နေသန်ကအိပ်နေရာမှထလာပြီး ခပ်တည်တည်ပင် သူ၏ အဝတ်အစားများကို ပြေသစ်ရှေ့မှာပင် ချွတ်ချလိုက်တော့သည်။

ပြီးနောက် ဂူ၏ အနိမ့်ဆုံးအပိုင်းသို့ သွားလိုက်ပြီး ဆောင့်ဆောင့်လေးထိုင်ကာ ပြေသစ်အား စောင့်နေ၏။

"ကိုပြေသစ် အဝတ်တွေလဲ ချွတ်လိုက် ... အကိုက ရေစွမ်းအားနဲ့ ရေထုတ်ပေး ... ကျွန်တော် အဝတ်တွေလျှော်ပေးမယ်"

ပြေသစ်က နေသန်၏ စကားအား လက်မခံ။

"နေ ... နေ ... ကိုယ်က ကိုယ့်ဘာသာ လျှော်နိုင်တယ် ... မင်းသာ ကိုယ့်အဝတ်တွေခြောက်သွားဖို့ ကူညီပေး"

ပြေသစ်က အဝတ်မလျှော်ခိုင်းတာမို့ နေသန်လည်း အကွန့်မတက်တော့။

ပြေသစ်ခိုင်းသည့်အတိုင်း ရေစိုဝတ်တွေကို ခြောက်သွားအောင် ပြုလုပ်သည့်နေရာတွင်သာ ကူညီလိုက်တော့မည်။

ရေမချိုးခင် နေသန်မြတ်ခေါင်အရင်ဆုံးလုပ်သည်က သူနှင့်အတူပါလာသည့် တစ်ခါသုံးရေစိမ်ပုဝါခဲနှစ်ခဲကို ရေစိမ်လိုက်တာပါပဲ။

ရေစိမ်လိုက်သဖြင့် ထိုအခဲနှစ်ခဲက ပုဝါဆိုဒ်ကြီးနှစ်ထည်သို့ပြောင်းသွားသည့်နောက်တွင်တော့ နေသန်က ထိုပုဝါနှစ်ထည်အား သူ၏ ကျောပိုးအိတ်အတွင်းမှ ပလက်စတစ်အိတ်အသန့်အတွင်းသို့ထည့်ထားလိုက်သည်။

ပြီးနောက် နေသန်က ပြေသစ်၏ ရေစွမ်းအားဖြင့် ထုတ်လွှတ်ပေးသည့် ရေများဖြင့် သူ၏အဝတ်များကို ခပ်သွက်သွက်လျှော်ဖွတ်လိုက်ပြီး ပြေသစ်၏ မျက်စိရှေ့မှောက်မှာပင် ရေခပ်သွက်သွက်ချိုးလိုက်၏။

ရေချိုးပြီးနောက်တွင်တော့ ပလက်စတစ်အိတ်အတွင်းမှ ပုဝါတစ်ထည်ကိုယူကာ ခါးတွင်ပတ်လိုက်ပြီး ခါးတွင်ဝတ်ထားသည့် အတွင်းခံအားချွတ်ချလိုက်ကာ တစ်ဖန်လျှော်ဖွတ်လိုက်သည်။

ပြေသစ်မှာတော့ မနက်ကလို ဣန္ဒြေမရမဖြစ်ရလေအောင် နေသန်ရေစချိုးကတည်းကပင် စိတ်ကို မနည်းတည်ငြိမ်အောင်ထိန်းချုပ်နေရတော့၏။

'အိမ်း ခဏနေလို့ရေချိုးရင် ရေအေးအေးနှင့် လောင်းချိုးမှပါ'

ပြန်လည်နိုးထလာပြီးနောက် အလှလေးကိုပျိုးထောင်ဖို့ အခွင့်‌အရေးရလာတယ်Where stories live. Discover now