အင်ဟန်လဲလင်းယန်လက်ကလေးကိုကိုင်ကာ
တကယ်ကိုအနှစ်နှစ် အလလ ထိန်သိမ်းခဲ့ရတယ့်
အရုပ်လေးကိုပျက်စီးသွားမှာဆိုးသည့်အလား
ဖွဖွလေးလက်ကလေးကိုကိုင်ကာခေါ်သွားတော့သည်

လင်းယန်လဲဒီလူကိုမနိုင်ဘူးဟူသောအကြည့်ဖြင့်
လက်ဆွဲတဲ့နောက်လိုက်သွားတော့တယ်

"ကလေးလေး ထိုင် ကိုယ့်အသက်5နှစ်လောက်မှာ
ကိုယ့်အဖေနဲ့အမေဆုံးသွားတယ်

အဖေနဲ့အမေကဘာလို့ဆုံးသွားကြလဲဆိုတော့
အမေကအဖေ့ကိုကွာရှင်းချင်ခဲ့တာ
ဘာလို့လဲဆိုတော့အမေကအဖေ့ရဲ့အချစ်တွေကို
မခံနိုင်တော့တာရောသူ့အပေါ်ကောင်းနိုင်မယ်
ထင်တဲ့သူနဲ့လက်ထပ်ချင်ခဲ့တာပြောမယ်ဆို
အမေကဖောက်ပြန်ခဲ့တာပေါ့

အဖေကအမေနဲ့ပက်သတ်ရင်အရမ်းအချစ်ကြီးတယ်
အမေ့ကိုကိုယ့်ရှေ့မှာပဲသတ်ပစ်ခဲ့တယ်
ကိုယ်ကကလေးပဲရှိသေးတာဘာမှမလုပ်နိုင်ပဲ
ကြောင်ပြီးကြည့်နေခဲ့တာ

ပြီးတော့အဖေကပြောတယ်ကိုယ့်ကို
သားတဲ့ကိုယ်လိုချင်တဲ့အရာအတွက်
ဘယ်တော့မှမတွန့်ဆုတ်ရဘူး

ကိုယ်လိုချင်တဲ့အရာအတွက်ဘယ်အရာကိုမှ
ဆုံးဖြတ်ဖို့မကြောက်ရဘူးတဲ့

ပြီးတော့သူ့ကိုယ်သူလဲအမေ့ကိုသတ်တဲ့ဓားနဲ့
အမေ့နားမှာပဲသတ်သေခဲ့တယ်
အဲ့အဖြစ်အပျက်တွေပြီးတဲ့နောက်မှာ
ကိုယ်လဲဆေးရုံမှာအချိန်အကြာကြီးနေခဲ့ရတယ်
စိတ်မတည်မငြိမ်ဖြစ်တဲ့ရောဂါဖြစ်ခဲ့တယ်

ကလေးအသက်ငယ်တဲ့အချိန်မှာကြုံခဲ့ရတယ်အချိန်မှာ
စိတ်ဝေဒနာအပြင်းအထန်ခံစားခဲ့ရတယ်
ကိုယ်စိတ်တွေပုံမှန်ပြန်ဖြစ်သွားခဲ့ပေမယ့်
အဖေပြောခဲ့တဲ့စကားတွေကကိုယ့်ဦးနှောက်ထဲနေရာယူထားတုန်းပဲမင်းနဲ့တွေ့တဲ့နောက်မှာကိုယ်အရမ်းရင်ခုန်ခဲ့တယ်
ကိုယ်မြင်မြင်ချင်းအချစ်ဆိုတာသိခဲ့ရတယ်
အဲ့မှာကိုယ်မင်းကိုချစ်ဖို့ပိုင်ဆိုင်ဖို့ပဲသိတော့တယ်
တခြားအရာတွေအကုန်လုံးကိုလွှတ်ချပစ်လိုက်

ကိုယ်တွေဝေမနေဘူး မင်းကိုတကယ်ချစ်မိသွားလို့
ကိုယ့်ကိုယုံရဲ့လား

System Ku KueWhere stories live. Discover now