" မင်းသိလား..ငါ ငါးနှစ်အရွယ်တုန်းကလေ..ငါ မေမေဆုံးသွားခဲ့တာ..ဘာကြောင့်လဲသိလား! ငါ ဘာကြောင့် အခုလို ခက်ထန်လာတာလဲ သိလား! ငါပြောပြမယ်..နားထောင်.."

~

~

~

လွန်ခဲ့သော ၂၅ ခန့် ;

ထယ်ယောင်း အသက် ငါးနှစ်အရွယ်...သူ ဖေဖေက True blood alpha တစ်ယောက်ဖြစ်သလို..မေမေကလည်း True blood alpha တစ်ယောက်ဖြစ်တာကြောင့် မွေးလာတဲ့ သူက သန့်စင်ခြင်းနဲ့မြင်မြတ်ခြင်းတွေ ခြံရံထားတဲ့ Great True blood alpha တစ်ယောက်ပင်...

ဖေဖေက ကိုရီးယားရဲ့ အချမ်းသာဆုံး သူဌေးတစ်ယောက်ဖြစ်သလို မေမေကလည်း ဖေဖေ့နည်းတူ ချမ်းသာကြ၏။မေမေနဲ့ ဖေဖေက ချစ်ကြိုက်လို့ယူကြတာမို့ ပျော်စရာအတိပင်...

သူမွေးလာတော့လည်း ပျော်စရာမိသားစုလေးဖြစ်အောင် မိဘတွေက ဖန်တီးပေးခဲ့သည်။

Devil စံအိမ်ရဲ့ အရင်နာမည်က Heaven တဲ့ သူတို့ ကင်မ်မိသားစုရဲ့ ပျော်စရာသုခဘုံလေးပေါ့...စံအိမ်တွင်းမှာ ငါးနှစ်အရွယ် ကလေးလေးတစ်ယောက်ရဲ့ ရယ်သံလေးတွေ အချန်ပြည့်ခြုံလွှမ်းနေတတ်သလို မိဘတွေရဲ့ ကျီစယ်သံနဲ့ ချော့မြူသံတွေက အိမ်အကူတွေ တောင် အားကျရလောက်တဲ့အထိ ကင်မ် မိသားစုလေးက ပျော်စရာတွေ အပြည့်ပင်...အဲ့နေ့မရောက်ခင်ချိန်ထိပေါ့...

တစ်နေ့ သူတို့အိမ်ကို မေမေ့ရဲ့ သူငယ်ချင်းဆိုတဲ့ အိုမီဂါ မိန်းမတစ်ယောက်ရောက်လာတယ်..မျက်နှာပြုံးချိုတဲ့ အဲ့မိန်းမကို ထယ်ယောင်း အစတည်းက သဘောမကျတာပင်...အပြုံးတွေက ကြောက်စရာကောင်းနေသလို သူကြည့်ဖူးတဲ့ စနိုးဝှုက်ကားထဲက စုန်းမကြီးရဲ့ အပြုံးမျိုးနဲ့တူတာကြောင့်ပင်..

မေမေက အဲ့အမျိုးသမီးကို သူငယ်ချင်းအရင်းကြီးဆိုတဲ့ အသိကြောင့် ဖေဖေ့ကို တိုင်ပင်ပြီး သူတို့အိမ်မှာ နေခွင့်ပြုလိုက်သည်။

အဲ့ အမျိုးသမီး က မနက်တိုင်း သူနဲ့ မေမေအတွက် နွားနို့တစ်ခွက်စီဖျော်ပြီးတိုက်‌သလို ဖေဖေ့ကိုလည်း လိုအပ်တာထက်ပိုပြီး ဆက်ဆံတာမို့ သူလုံးဝမကြိုက်...

A Lover of Mafia ( Complete )Where stories live. Discover now