[သေချာပေါက်အောင်မြင်မယ်လို့Ku Kueပြောရဲတယ်]

"သူ့ကိုသိပ်သိတာပေါ့ဒါမနေ့ကညဘက်ခေါင်းဆောင်ခေါ်လာတဲ့တစ်ယောက်မို့လား

"ဟုတ်တယ်ဟုတ်တယ် သူကအဖွဲ့ထဲရောက်လာတည်းက
သူ့ကိုယ်သူခေါင်းဆောင်ကတော်လိုလိုဘာလိုလိုနဲ့
ငါနဲနဲမှကြည့်မရဘူး ယောက်ျားတွေရှေ့ဆိုအရည်ကကျချင်နေတာ

"ပြီးတော့သူ့မှာသူငယ်ချင်းတစ်ယောက်အန္တရာယ်တောထဲ
ကျန်ခဲ့တယ်လို့လဲပြောတာမတွေ့မိပါဘူးသူ့ကြည့်ရတာ
တစ်ယောက်ထဲလိုလိုနဲ့ ပြီးတော့ငါတို့ချစ်သူတွေကိုလည်းဒင်းကကြုံရင်ကြုံသလို
အထာကပေးချင်သေးတာ

ဂျီဟိုကသူ့ချစ်သူစီမျက်စောင်းထိုးကာပြောလိုက်သေးသည်

"ဟုတ်တယ်ဟုတ်တယ် သောမတ်စ်နဲ့ဂျိမ်းကခေါင်းဆောင်ရဲ့လက်ထောက်လဲဆိုရော
oppa oppaနဲ့ဆိုတာမပြီးတော့ဘူး
ရောက်တာတစ်ညပဲရှိသေးလို့ပဲမဟုတ်ရင်ငါတို့ပါ
ရည်းစားလက်မဲ့ဘဝတွေဖြစ်ရတော့မယ်

Tommyကလဲအသံစွာစွာနဲ့ထောက်ခံစကားဆိုသည်

သောမတ်စ်နှင့်ဂျိမ်းကတော့သူတို့ဘက်လှည့်လာတဲ့
မြှားဦးကြောင့်တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်လိုက်ကြသည်

"သူကအဲ့လိုမဟုတ်ပါဘူး သူကငါ့သူငယ်ချင်းပါ
သူကအဲ့လိုလူမျိုးမဟုတ်ပါဘူးမင်းတို့အထင်လွဲကြတာပါ

မူယောင်းကမျက်ရည်လေးများဝဲကာသူ့သူငယ်ချင်းကိုကာကွယ်ပေးနေတာကြောင့်Tommyနဲ့ဂျီဟိုမှာအားလဲနာသလိုသနားလဲသနားသွားတာကြောင့်

"မငိုပါနဲ့မူယောင်းရယ်ငါတို့ပြောတာလွန်သွားလား
မင်းကအရမ်းဖြူစင်ပြီးကြင်နာတက်လိုက်တာ
ငါတို့ကမင်းကိုစောင့်ရှောက်ပေးမယ်နော်သူငယ်ချင်း
မင်းကငါတို့အဖွဲ့ဝင်ထက်သူငယ်ချင်းပဲအမြဲတမ်းအတွက်လေ

"ဟုတ်တယ်မူယောင်းငါတို့ရှိတယ်မငိုနဲ့မင်းသူငယ်ချင်းအန္တရာယ်ကင်းဘေးရှင်းပျော်ရွှင်နေတာ

"ငါတို့တွေဆက်သွားကြမယ်လေ

"ဟုတ်ပြီသွားကြမယ်

မူယောင်းတို့လဲခရီးဆက်ခဲ့ကြပါတော့တယ်
လမ်းတစ်လျှောက်Tommyနဲ့ဂျီဟိုကတော့
ပေါက်ပေါက်ဖောက်သလိုကိုစကားပြောပါသည်
သူ့ကိုယ်သူစကားများတယ်လို့ခံယူထားတဲ့
မူယောင်းပင်လိုက်မမှီနိုင်

System Ku KueWhere stories live. Discover now