'ဒါဆို ကျွန်တော် မှားနေတာ အများကြီးပဲပေါ့...'

'အင်း... ထပ်ပြီး ကြိးစားပြီး ရေးကြည့်...'

ကျွန်တော် ခေါင်းညိတ်ပြပြီးတော့မှ ပုံမှန်အတိုင်းလေး ထိုင်လိုက်ကာ အမှားတွေကို ထောင့်ရှစ်ထောင့်ပါတဲ့ခဲဖျက်နဲ့ ခပ်ဖွဖွလေး ဖျက်နေတဲ့Ongsaကိုသာ ကြည့်နေမိတယ်။ စာရွက်တွေ ပြဲသွားမှာစိုးလို့ ခပ်ဖွဖွလေး ဖျက်နေတာ... ပြောရရင် ဒီလိုခဲဖျက်မျိုးကို ကျွန်တော် မမြင်ရတာ တော်တော်ကြာပြီ။

'ဒီလိုမျိုးလား'

'ဟုတ်တယ်။ ရှင်းပြတာကို နားလည်လွယ်​သားပဲ...'

ကျောင်းသားလေးကို ကြိုးစားပြီး ချီးကျူးပေးလိုက်တဲ့အခါမှာတော့ ထိုကျောင်းသားလေးက စိတ်ကျေနပ်သွားတာကြောင့် နှစ်လိုအားရ ပြုံးလာခဲ့တာ...

'အစ်ကို သင်ပေးလို့လေ... ပိုပြီး နားလည်လွယ်တာ...'

'တကယ်လား'

'သြော်... လူတွေက သူတို့ရဲ့မှတ်ဉာဏ်တွေ ပျောက်သွားပါတယ်လို့ ပြောနေပေမယ့် စာတွေကိုတော့ သေချာမှတ်မိနေသေးသားနော်...'

'စကားအများကြီးမပြောနဲ့... စာပဲ သေချာလုပ်...'

'အာ!'

ရုတ်တရက် Ongsaက တစ်ခုခုကို မှတ်မိသွားသလိုမျိုး ကျွန်တော့်ကို မော့ကြည့်လာခဲ့တာ... Iced Latteကို သောက်နေတဲ့ကျွန်တော်က မျက်ခုံးတွေကို ပင့်တင်လိုက်ပြီးတော့ ပိုက်ကို ဖြည်းဖြည်းချင်း စုပ်နေကာ ပြောလာမယ့်စကားတွေကို ဂရုစိုက်ပြီး နားထောင်မိတယ်။

'အစ်ကို ကျွန်တော့်ကို အထူးတန်းလို သင်ပေးပါလား'

'အထူးတန်းက ဘာကြီးလဲ'

'အာ... တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့အတွက် လိုအပ်တာတွေ သင်ပေးတာမျိုးပေါ့...'

'ကောင်းပါ့မလား'

ကျွန်တော့်ရဲ့အရည်အချင်းကို ကျွန်တော် သိပ်ပြီးတော့ အာမ မခံနိုင်ဘူး။ အမှန်တိုင်း ပြောရရင်တော့ ကျွန်တော် ဘယ်သူ့ကိုမှ စာမသင်ပေးခဲ့ဖူးဘူးလေ...

'ကျွန်တော် လခပေးမယ်'

'ဟေး... လစာပေးဖို့ မလိုပါဘူး။ မင်း ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ... မင်းကို စာသင်ပေးရတာပဲကို အဆင်ပြေပါတယ်'

Absolute Zero (မြန်မာဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon