အခန်း-၃၈

Start from the beginning
                                    

လီကိုက "အိုကေ... ပန်ကိတ်နောက်တစ်ချပ် ထပ်ဝယ်ဦးမယ် ခဏ"

ဒါနဲ့ပဲ သူ ပန်ကိတ်နောက်တချပ်ထပ်ဝယ်သည်..  ပြီးတော့ ပလပ်ပလပ်နှင့်စား၏.. စားပြီးတော့ လေချင်တက်လိုက်ပြီး ပြောသေးသည်.."ငါဘာလို့ မလန်းသလဲ မှတ်တယ် လတ်စသတ်တော့ ဗိုက်ဆာနေလို့ကိုး"

System "...."

သင်ရုတ်တရက် မျှော်လင့်ချက်မဲ့တဲ့ ခံစားချက် ဒါမှ မဟုတ် စိတ်ဆင်းရဲတဲ့ ခံစားချက်မျိုးခံစားရတယ်ဆိုရင်.. ၈၀% လောက်က ဗိုက်ဆာလို့.. နောက်ထပ် ၁၉%က အိပ်ရေးမ၀လို့.. နောက် ဆုံး ၁%ကတော့ နေမကောင်းလို့ပဲ..

ပန်ကိတ်စားပြီးတဲ့ လီကိုက လက်ကို ခါလိုက်ကာ အိမ်ပြန်ဖို့ပြင်သည်..

သူအိမ်ပြန်ရောက်တော့ ဟို၂ယောက်က လိုတာထက်ပိုတဲ့ ရင်းနှီးမှု အတုကြီးဖြင့် အချင်းချင်းတည့်ဟန်ဆောင်ကာ သူ့ကို ကြိုဆိုသည်..

လီကိုက သူတို့ ၂ယောက်ကို ကြည့်ကာ ဘာမှ မပြောသေးဘဲ.. ဆိုဖာပေါ် ငြိမ်ငြိမ်အရင် ထိုင်လိုက်သည်.. "ရှင်းကြတာပေါ့"

ချင်ပုယွဲ့က ပြောသည်.. "ဘာမှ ရှင်းစရာမရှိဘူး"

ရွမ်ဖေးဖေးက လေသံမာမာဖြင့် "ယွင်ချီ.. ဘာမှမကြောက်နဲ့.. သူ့ဘက်က ခြိမ်းခြောက်လာမယ်ဆိုရင် ဒီကနေ အတူတူ ထွက်သွားကြမယ်"

လီကိုက ဖေးဖေးကို လှည့်ကြည့်ပြီး မပြောခင်မှာ ခဏ တိတ်နေသည်.. ထို့နောက်မှ "ကိုယ့်ဆန္ဒနဲ့ ကိုယ် သူ့အနားနေတာပါ"

ဖေးဖေးက ရုတ်တရက် ကြောင်သွားသည်.. "ယွင်ချီ.."

လီကိုက ဆက်ပြောသည်.. "ကိုယ်သူ့ကို သဘောကျတယ်"

ဖေးဖေးက လက်ထဲမှာကိုင်ထားတဲ့ ဆက်သွယ်ရေးစက်ပါ လွတ်ကျတော့ မလိုဖြစ်သွားသည်.. ချင်ပုယွဲ့လို လူမျိုးကို လီကို ကြိုက်တယ်ဆိုတာကို သူဘယ်လိုမှ မယုံနိုင်ပါ...ဘယ်လိုလူမျိုးကများ ကိုယ့်ကို အိုမီဂါဖြစ်အောင် လုပ်တဲ့ လူတစ်ယောက်ကို မြတ်နိုးနိုင်မှာလဲ..

လီကို ပြောသည်.. "ဒါအမှန်တရားပဲ"

သူပြောနေတဲ့စကားတွေကို ရွမ်ဖေးဖေး မယုံတာတင်မက ချင်ပုယွဲ့ကလည်း လုံးဝမယုံပါ... ချင်ပုယွဲ့ က မျက်မှောင်ကြုတ်သည်.. ဒါပေမယ့် ဘာမှတော့ ဝင်မပြော..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now