Warm Love-extra(final)

Start from the beginning
                                    

"ဟွန်းး!"

"ဗိုက်မဆာရင်လည်း အိပ်အိပ်၊ ဒါပေမယ့် နောက်ထပ်နည်းနည်းပဲထပ်အိပ်ရတော့မယ်နော်၊ မနက်စာလွတ်တာ မကောင်းဘူး"

"................"

"အင်းပါအင်းပါ အိပ်ရေးဝအောင်အိပ်၊ ကိုကိုသွားပြီနော် ရွှတ်!"

Hyunလေးရဲ့ ပုခုံးစွန်းလေးကို မြတ်မြတ်နိုးနိုးနမ်းရှိုက်လိုက်ပြီးမှသာ ကိုယ်ကိုပြန်မတ်ပြီး ဆိုဖာခုံပေါ်ကကုတ်အင်္ကျီကိုယူကာ အခန်းအပြင်ထွက်ဖို့ Chanyeol ပြင်လိုက်သည်။

"Happy Birthday ကိုကို"

အခန်းတံခါးဖွင့်ဖို့ပြင်ရုံရှိသေး အနောက်နားဆီကနေထွက်လာတဲ့အသံသဲ့သဲ့လေး။Chanyeol ခပ်ပြုံးပြုံးဖြင့်လှည့်ကြည့်လိုက်ပေမယ့် Hyunလေးကတော့ သူ့ကိုကျောခိုင်းထားပြီးလှဲအိပ်နေတုန်းပင်။

"ဟုတ်ကဲ့ပါဗျာ၊ ကိုကို နေ့လည်ဆိုပြန်ရောက်ပြီသိလား၊ ညကျရင် Hyunလေးစားချင်တဲ့မုန့်တွေလုပ်ကျွေးမယ်နော်"

"ဟုတ်..ကဲ့"

Chanyeol အသံတိုးတိုးဖြင့် သဘောတကျရယ်လိုက်မိသည်။Hyunလေးခမျာ သူ့ကိုစိတ်ဆိုးချင်တာတောင်မှ စိတ်မဆိုးရက်ဖြစ်နေတာပါလား။

"အွန်းအွန်း သွားပြီ ကလေးလေး၊ ဗိုက်ဆာရင်ထတော့နော်"

ကလေးလေးအနားမှာမြန်မြန်နေရဖို့ဆို အလုပ်တွေမြန်မြန်ပြီးမှဖြစ်မှာမို့ ကုမ္ပဏီသို့မြန်မြန်သွားရန်ထွက်ခဲ့လိုက်တော့သည်။

Chanyeol အခန်းထဲကထွက်သွားတော့မှ လှဲအိပ်နေတဲ့ Baekhyun တစ်ယောက် ဆတ်ခနဲထထိုင်လိုက်ပါသည်။ထို့နောက် တံခါးပေါက်ကိုကြည့်ရင်း နှုတ်ခမ်းလေးစူကာ ပွစိပွစိဖြင့်

"ဟွန်း! မွေးနေ့ရက်လေး တစ်ရက်လုံးအတူတူရှိချင်ပါတယ်ဆို ကိုကို့အလုပ်ကလည်း!"

:

"ပြီးပြီလား သား၊ သွားကြတော့မလား"

အရေးကြီးအစည်းဝေးဆိုတော့ အလုပ်ကိုအဖေလည်းလိုက်ရသည်။အဖေက Chanyeol ထက်ပင် ပိုပြီးဝိရိယရှိနေပါသေးသည်။

"ဟုတ်ကဲ့ အဖေ"

"အေးအေး ဒါနဲ့ Happy Birthday ပါ အဖေ့သား၊ မွေးနေ့လက်ဆောင်ကတော့ မင်းပြောထားတဲ့စကားကြောင့် ငါမပေးတော့ဘူးနော်"

Warm Love (Completed)Where stories live. Discover now