(Unicode)
မေလ ခြောက်ရက်နေ့ဟာ Chanyeol ရဲ့အသည်းအသက်လေး Baekhyun ၏မွေးနေ့ဖြစ်သလို သူတို့နှစ်ယောက်၏ မင်္ဂလာသက်တမ်းတစ်နှစ်ပြည့် anniversary လည်းဖြစ်ပါသည်။
မနက်မိုးလင်းကတည်းကပင် မွေးနေ့ရှင်ထက်ပို၍ Chanyeol ကတက်ကြွနေလေသည်။
"မွ မွ မွ ကိုကို့ Birthday boyလေး၊ အိပ်ရာမထသေးဘူးလား"
".......အင်းး...."
မျက်နှာနုနုအနှံ့ကိုအနမ်းမိုးတွေရွာသွန်းပြီးနှိုးတော့ Hyunလေးက အပျင်းကြောလေးဆန့်ရုံကလွဲနိုးမလာခဲ့။ဒီတော့လည်း Chanyeol တစ်ယောက် အနမ်းတွေကိုအရှိန်မြှင့်ရပြီပေါ့။
"ပြွတ်စ်! ပြွတ်စ်! ညကအိပ်ဆိုတော့ တော်ရုံနဲ့မအိပ်တဲ့ ကလေးလေး၊ ကိုကိုနဲ့အလုပ်မလိုက်ဘူးလား၊ အခုမှ မထရင် ကျန်ခဲ့တော့မှာနော်"
"အွန်! ဟင့်!"
ထိုအခါ မျက်နှာလေးရှုံ့မဲ့သွားပြီး နားနှစ်ဖက်ကို လက်ကလေးတွေဖြင့် အုပ်ပစ်လိုက်တဲ့ Hyunလေးက Chanyeol ရဲ့စကားတွေကို နားညီးပါတယ်ပေါ့လေ။
"ဟော အခုတော့ ကိုကို့အသံကို နားညီးသွားပြီပေါ့လေ၊ ရပါတယ်၊ တစ်ယောက်တည်းပဲအလုပ်သွားတော့မယ်"
"ကိုကိုနော်!"
မွေ့ရာပေါ်မှ Chanyeol ထဖို့ပြင်လိုက်တာနှင့်အတူ မရှေးမနှောင်းထွက်လာတဲ့ ဆူအောင့်အောင့်အသံလေး။Chanyeol ပြုံးလိုက်မိပြီး ညဝတ်အင်္ကျီကြယ်သီးတွေကိုဖြုတ်လိုက်ရင်း
"အဟွန်း! ဒီနေ့တော့ တစ်ယောက်တည်းအလုပ်သွားရတော့မယ်ကွာ"
"Hyun လိုက်မှာ"
"အိပ်နေတာမဟုတ်ဘူးလား"
ချက်ချင်းဆိုသလို အိပ်နေရာမှကုန်းထလာပြီး Chanyeol ကိုအနောက်ကနေသိုင်းဖက်လာတဲ့ Hyunလေး။အဝတ်လွတ်နေတဲ့ ဝမ်းဗိုက်ကြွက်သားတွေကို လက်ချောင်းနွေးနွေးလေးတွေနဲ့လာထိတော့ ကြက်မွှေးလေးဖြင့်တို့ခံလိုက်ရသလို ခံစားလိုက်ရသည်။
"နိုးသွားပြီလား အိပ်ပုတ်လေး"
"Hyunက ရင်နိုးနေတာ ကိုကိုရဲ့၊ ကိုကို ထသေးလို့ စောင့်နေတာ"
YOU ARE READING
Warm Love (Completed)