(Unicode)
ပူဆွေးဝမ်းနည်းမှုကိုဖော်ပြသည့်အနေဖြင့် အနက်ရောင်ဝတ်စုံကိုယ်စီဝတ်ထားကြသည့် စျာပနအခမ်းအနားပွဲတစ်ခု။
စျာပနပွဲကိုလာသမျှဧည့်ပရိတ်သတ်တွေအား နေ့ညမပြတ်နှုတ်ဆက်ဂါဝရပြုခြင်းအလုပ်ကို Chanyeol ကတာဝန်ယူလုပ်ဆောင်သည်။Baekhyun ကိုတော့ဖြင့် သူ့ဘေးနားမှာ ငြိမ်ငြိမ်လေးသာ သက်တောင့်သက်သာထိုင်ခိုင်းထားပါသည်။
အနက်ရောင် suit ဝမ်းစက်လေးဖြင့် Baekhyun ကဖြစ်နေတဲ့အခြေအနေတွေကို နားမလည်နိုင်စွာပင် ပတ်ဝန်းကျင်အား မျက်လုံးလေးကလယ်ကလယ်ဖြင့်လိုက်ကြည့်နေသည်။လူကြီးတွေက မျက်နှာမကောင်းဖြစ်နေကြတဲ့အခါ သူလေးကလည်းတိတ်တိတ်လေးနေပေးသည်။Baekhyun ကိုလာနှုတ်ဆက်ကြတဲ့လူကြီးတွေဟာလည်း စကားလုံးတွေထက် ဂရုဏာသက်စွာပြုံးပြသွားကြတာများသည်။
Baekhyun ကသူ့ကိုကိုအား အခြေအနေတွေကို သူလေးမေးတက်သလိုမေးပေမယ့်လည်း Chanyeol ကစကားလုံးလှလှလေးတွေသုံးပြီးသာဖြေပေးသည်။ဥပမာ-နှစ်သစ်ကူးပွဲတော်လုပ်နေတယ်ဆိုတာမျိုးပေါ့။
Baekhyun ကပန်းတွေဖြင့်အလှဆင်ထားသည့် သူ့ဖေဖေ၏ဓာတ်ပုံအား လူတွေကဂါရဝပြုနေကြတာကို တွေတွေလေးငေးကြည့်နေသည်။သူ့ဖေဖေရောလို့မေးတဲ့အခါမှာလည်း Chanyeol ကပင်လယ်ဆီခရီးထွက်သွားပြီဟုသာ ပြန်ဖြေပေးသည်။သူတို့ရော တောင်ပေါ်မသွားဘူးလားလို့ Baekhyun ကမေးကြည့်ပြန်တော့ ဒီပွဲကြီးပြီးရင်သွားမယ်ဟု Chanyeol ကဖြေပေးပါသည်။
"ကိုကို"
"ဟင် Hyunလေး ဘာလို့လဲ ဗိုက်ဆာလို့လား"
အချိန်ကနေ့လယ်ခင်းရောက်နေပြီမို့ Hyunလေးဗိုက်ဆာနေမှာကို Chanyeol သတိရသွားသည်။
"ဗိုက်ဆာ..တယ်"
"အင်းအင်း ကိုကို ဒေါ်ကြီးကိုထမင်းကျွေးခိုင်းမယ်နော်"
"ဟင့်အင်း..ကိုကို"
"ကိုကိုကျွေးရမှာလား"
Hyunလေးက ခေါင်းလေးတဆတ်ဆတ်ညိမ့်ပြသည်။
"ဟုတ်ပြီ ကိုကိုကျွေးမယ်နော်၊ ဒေါ်ကြီးရေ"
Chanyeol အသံတိမ်တိမ်ဖြင့်ခေါ်လိုက်တော့ ဒေါ်ကြီးကအနားရောက်လာသည်။
YOU ARE READING
Warm Love (Completed)