ရနံ့တွေမရှိတော့မှ သူလည်း ထိုင်နေရာကနေထကာ ကျန်တဲ့သူတွေကို D-DAY coffee မှာ ဆုံဖို့ ဖုန်းဖြင့်မက်ဆေ့ခ်ျပို့လိုက်ပြီး သွားလိုက်သည်။

ဂွန်းဟူ မသိတာက သူ့ကို ချောင်အကွယ်ကနေ စူးရှတဲ့ မျက်ဝန်းတစ်စုံက တစိုက်မတ်မတ်စိုက်ကြည့်နေတယ်ဆိုတာပင်....

~

~

~

" GT- S-1 အဆင်သင့်ဘဲလား! .."

" ဟုတ်ကဲ့ ခေါင်းဆောင်!!"

" ဟုတ်ပြီး မင်းတို့ အနောက်ဘက်ကနေ ပတ်ပြီးဝင်..ငါ့အမိန့်ရမှ တိုက်ဖို့ပြင်! "

သူ့ဆီက ခွင့်ပြုချက်ရတာနဲ့ ထွက်သွားတဲ့ လက်ရွှေးစင် ငါးယောက်!

" GT-S-2 ငါနဲ့ လိုက်ဖို့ပြင်.."

" ဟုတ်ကဲ့ ! ခေါင်းဆောင်! "

GT S-1, S-2 က Suga ရဲ့ လက်ရွှေးစင်တပ်ဖွဲ့ပင် ...တစ်ဖွဲ့မှာ ငါးယောက်ဆီနဲ့ စုစုပေါင်းဆယ်ယောက်..ထိုလူတွေက သူကိုယ်တိုင် သင်တန်းပေးထားတဲ့လူတွေမို့ အတိုက်အခိုက်က သာမန်တပ်သား လေးဆယ်လောက်နဲ့ ညီမျှ၏။

သူတင်မဟုတ် ကျန်တဲ့ RM, Hope တို့ဆီမှာလည်း လက်ရွှေးစင်တပ်ဆိုတာရှိသည်။ထိုတပ်တွေက အရေးကြီး မစ်ရှင်တွေမှာ ပါဝင်လုပ်ဆောင်ရပြီး ကျန်သည့်အသေးအမွှားတွေကိုတော့ တခြားတပ်ဖွဲ့ဝင်တွေကိုသာလုပ်ဆောင်စေသည်။

ပြီးတော့ သူတို့ GT gangရဲ့ ဂိုဏ်းသားတွေက ကမ္ဘာအနှံ့မှာရှိပြီး ပင်မ ရုံးချုပ်က ကိုရီးယားမှာပင်...

အခုလည်း သခင်ကြီးက Lion gang ကို ဖြိုခွဲခိုင်းလိုက်တာမို့ သူ့ရဲ့ လက်ရွှေးစင်တပ်နှစ်တပ်ကိုခေါ်ကာ Lion gang ရဲ့ ပင်မ ရုံးချုပ်ကို လာပြီး ဖြိုခွဲတာပင်..

ဒီနေ့ကတော့ Lion gang ရဲ့ နောက်ဆုံးနေ့ပင်..အမှောင်လောကမှာ ‌Lion gang ဆိုတာပျောက်ကွယ်တော့မည်...ဒါဟာ GT gang ကို ရန်စခြင်းရဲ့ အကျိုးသက်ရောက်မှုပင်...

ပင်မဂိုဏ်းမို့ လုံခြုံရေးတွေက တင်းကြပ်ကာ CCTV တွေလည်း နေရာတိုင်းမှာတပ်ထားတာကြောင့် အရင်ဆုံး သူ့ရဲ့ laptop နဲ့ ချိတ်ဆက်ပြီး CCTV တွေကို ဖြတ်ချလိုက်၏။ဒါကသူ့ရဲ့ hacker စွမ်းရည်ထဲကတစ်ခုပင်...

A Lover of Mafia ( Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ