' အပန်းဖြေ စခန်းကရော အကြမ်းတွေ အကုန် ပြီးပြီ လား။'

ခီရှီ အပေါ်ကနေ အောက်ကို မြင်ရတဲ့ view ကို ဂျပန် ကို ပို့ပေးဖို့ အတွက် ဓာတ်ပုံ ရိုက်နေတုန်း ရိပေါ် ရဲ့ အမေးကြောင့် ဖုန်း ကို ပြန်သိမ်းလိုက်ပြီး ...

' အကြမ်းတွေ အကုန်ပြီးပြီ။ သူက ဘန်ဂလို ကို အတွင်း အပြင် Decoration လုပ်ရုံပဲ ကျန်တယ်။ ပြီးတော့ အလှဆင် ဖို့ ကျန်တယ်။ မြက်ခင်း အတု တွေလည်း မစိုက်ရသေးဘူး။ ရေကူး ကန်ကတော့ ကြွေပြားတွေ စ ခင်းနေပြီ။'

ရိပေါ် အောက်မှာ မြင်နေရတဲ့ သူတို့ရဲ့ မြေ နေရာ အလွှတ် ကို ကြည့်ပြီး ...

' ငါတို့ တိရစ္ဆာန် ဥယျာဉ် အသေးစားပါ ထည့်မယ်ဆို ရလောက်လား။ ပြီးရင် အသားစား သတ္တဝါတွေ မထားပဲ ကလေးတွေ ကြိုက်တဲ့ အကောင်တွေလောက်ပဲ ထည့်လိုက်မယ်။

မင်း သဘော ကရော ...။'

' အင်း ... ငါလည်း စဉ်းစားနေတယ်။ အခု ဘန်ဂလို ပုံစံက ခြေတံ အမြှင့် ဆောက်ထားတာဆိုတော့ ဘန်ဂလို တိုင်းရဲ့ အရှေ့ အဝင် နားလေးမှာလည်း ရေကန် အသေးလေး ထည့်လိုက်မလားလို့။ အဓိက ကလေးတွေ အတွက် မနက်တဲ့ အနေအထားလောက် ပေါ့။'

' ကောင်းတာပဲ။ ပြီးရင် ဘန်ဂလို တစ်ခု နဲ့ တစ်ခု ဆက်ဖို့ အတွက် သစ်သား တံတား ကိုမှ အခုံးလိုမျိုး ဆောက်လိုက်မယ်။ အောက်ဘက်တွေမှာတော့ ပန်းတွေကို အပင် မျိုးစုံ စိုက်ထားလိုက်မယ်။ အဲ့ဒါဆို မကြည့်ချင် စရာ နေရာလွှတ်လည်း မရှိတော့ဘူးပေါ့။'

' အင်း ...။ ငါ ပြီးရင် ဒက်ဒီ ကို အကျိုးအကြောင်း ပြောလိုက်မယ်။'

' အေး ...။'

ရိပေါ် ဘောင်းဘီ အိတ်ထောင်ထဲ လက်ထည့်လိုက်မှ ဖုန်း ကို ထိမိတာကြောင့် ထုတ်ယူလိုက်ပြီး ...

' မင်း အိမ်ကို ဖုန်း ဆက်ပြီးပြီလား။'

ခီရှီ ရိပေါ် ရဲ့ အမေးကို ခေါင်းခါပြလိုက်ပြီး ...

' မဆက်ရသေးဘူး။ ငါ ရောက်ကတည်းက အင်ဂျင်နီယာတွေ နဲ့ စကားပြောနေတာ။ ပြီးတော့ မင်း ရောက်လာတာပဲ။'

ရိပေါ် အခု အခြေနေတိုင်းဆို သူတို့ ဆောက်လုပ်ရေးကို ဒီတိုင်း ထားပြီး ချက်ချင်း ပြန်လို့ မရဘူးဆိုတာ သိလိုက်တာကြောင့် ဖုန်း ထိုးပြပြီး ...

Love is Evil  ( Completed )Where stories live. Discover now