Ep - 43

1.3K 77 6
                                    

Wang အိမ်တွင် ဝမ် သခင်ရဲ့ အမျိုးသား ချဉ်ခြင်း တက်တဲ့ အတိုင်း အိမ်အောက်ထပ်က ဧည့်ခန်းမှာ ထားတဲ့ ပရိဘောဂ ပစ္စည်းတွေ အကုန် လဲ နေရတယ်။

' ဖြည်းဖြည်း ... ငါ့ ပစ္စည်းလေးတွေ အကုန် ထိခိုက်သွားမယ်။'

ရိပေါ် ဆိုင်က လူတွေ အိမ်တိုင်ရာရောက် လာပို့ပေးတာကို ကိုယ်တိုင် ဝင်ပါချင်နေတဲ့ ရှောင်း ကို ဆွဲထားရင်း ...

' ရှောင်း အရမ်း မကပ်နဲ့။ တော်ကြာ ထိခိုက်မိမယ်။'

' မထိပါဘူး။ တော်ကြာ ငါ ကိုယ်တိုင် ဒီဇိုင်းပြောပြီး သွားမှာထားရတဲ့ ငါ့ထိုင်ခုံလေးတွေ ပျက်စီးကုန်မှာပေါ့။'

' ဘယ်သူက အဲ့လို အဖြစ်ခံပြီး သူတို့ဆိုင် နာမည် ပျက်အောင် လုပ်မှာလဲ။ လာပါ ... အကုန် ပြီးမှ လာကြည့် ...။ အခု ဆေးသောက်ရမယ့် အချိန် ရောက်ပြီ။ ငါ မင်းကို ဆေးတိုက်ပြီးရင် အပန်းဖြေ စခန်း ဆောက်နေတာကို သွားကြည့်ရမယ်။'

' ခီရှီ နဲ့ ရှောင်း တိ က ဂျပန်မှာပဲ အပြီးနေကြတော့မလို့လား။ ဘယ်တော့ ပြန်လာမှာလဲ။ ခီရှီ ကလည်း သူ တာဝန် ယူထားတဲ့ အလုပ် ဘယ်တော့ ပြန်လာလုပ်မှာလဲ။ နေ့တိုင်း မင်းကပဲ Company သွားလိုက်၊ ဆောက်နေတဲ့ နေရာ သွားလိုက်နဲ့။ သူတို့ကျ သူတို့ မား မွေးနေ့ အကြောင်းပြပြီး ဂျပန်မှာ သွား သာယာနေတာ။'

ရိပေါ် ရှောင်း ကို သူတို့ အခန်းကို ပြန်ဆွဲခေါ်သွားရင်း ...

' သူတို့ သွားလည်း တစ်မျိုး ကောင်းတာပဲ။ မဟုတ်လည်း ဝမ်ရှောင်းရှောင်း ကိုယ်ဝန် အကြောင်းပြပြီး သူ့ ယောကျာ်းနားပဲ ကပ်နေတာ ... ကြည့်လို့တောင် မရချင်တော့ဘူး။ အခု သူ မရှိတော့ မျက်စိအေး နားအေး ရှိတယ်။'

' ဒါပေမယ့် ငါက မင်းကို မပင်ပန်းစေချင်ဘူးလေ။ အခုဆို မင်း အလုပ်ကို သိတဲ့ ရိဖုန်း လည်း မရှိဘူး။ ဒါမှ မဟုတ် မင်း လက်ထောက် နောက်တစ်ယောက် ရှာလိုက်ပါလား။'

' မွ ...။'

ရိပေါ် ရှောင်း ရဲ့ ပါး ကို နမ်းလိုက်ပြီး ...

' ရပါတယ်။ ကား Showroom မှာလည်း မန်နေဂျာ တစ်ယောက် ရှိနေပြီပဲ။ အဲ့မှာတော့ နေ့တိုင်း သွားစရာ မလိုတော့ပါဘူး။ ပြီးတော့ ခီရှီ ပြန်လာရင်လည်း သူ့ အလုပ်သူ ပြန်လာလုပ်လိမ့်မယ်။

Love is Evil  ( Completed )Where stories live. Discover now