Ep - 4

3K 169 14
                                    

ရှောင်းကျန့် နဲ့ ကျင်းပေါင် အခန်းတစ်ခုထဲ ရောက်သွားတာနဲ့ မိန်းကလေးတွေချည်း ၄ ၅ ယောက် ကိုယ်စီ ကွန်ပျူတာရှေ့ ထိုင်ပြီး လက်ကလည်း အဆက်မပြတ် တတောက် တောက် နဲ့ ကီးဘုတ် ရိုက်နေကြတာ မြင်လိုက်ရတယ်။

' ရှောင်း ကော ... လာ ...'

ရှောင်းကျန့် သူ အခန်းတစ်ခုလုံး ဟိုကြည့် ဒီကြည့် ကြည့်နေတုန်း သူ့ကို ထပ်ခေါ်လာတဲ့ ကျင်းပေါင် ကြောင့် ကျင်းပေါင် နောက်ကို လိုက်သွားတော့ ပြောင်လက်နေတဲ့ ကျွန်း စားပွဲခုံမှာ အသက် နည်းနည်းကြီးပုံ ရတဲ့ အမျိုးသမီး တစ်ယောက် ထိုင်နေတာ တွေ့လိုက်ရတယ်။ ပြီးတော့ အဲ့ဒီ အမျိုးသမီးရဲ့ ဘေးမှာ Tablet ကိုင်ရင်း မိန်းကလေး တစ်ယောက်လည်း ရပ်နေတယ်။

' မောင်လေး တို့ အိမ်ထောင်ဖက် ရှာဖို့ ရောက်လာကြတာ ထင်တယ်။'

' မဟုတ် ...'

' ဟုတ်ပါတယ်။'

ရှောင်းကျန့် အဆုံးထိ ငြင်းဖို့ ကြိုးစားပေမယ့် သူ့ အရှေ့မှာ ကျင်းပေါင်က အရမ်းကို သွက်တဲ့ ကြက်ဖ ဖြစ်ပြနေပါတယ်။

' ရှောင်း ကော ကလည်း ရောက်တောင် ရောက်နေပြီ။ အပြောင်းအလဲ လုပ်ကြည့်တော့လည်း ဘာမှ အရှုံးမရှိပါဘူး။ ပြီးမှ တွေ့ကြည့်လို့ သဘောမကျဘူးဆိုမှ အဆက်ဖြတ်လို့ ရတာပဲ ...။'

' ဟုတ်တယ် မလား အစ်မ။ တွေ့ကြည့်လို့ သဘောမကျရင် နှစ်ဦး သဘောတူ လမ်းခွဲ လို့ ရတယ်မလား။'

ကျင်းပေါင် သူ့ ကော ကိုလည်း ပြော ...၊ သူတို့ အရှေ့မှာ ထိုင်နေတဲ့ အစ်မကြီး ကိုလည်း မေးလိုက်သည်။

' ရပါတယ်။ အစ်မ တို့က မောင်လေး တို့ဘက်က ဖြည့်လာမယ့် အချက်အလက်တွေ ကြည့်ပြီး မောင်လေးတို့နဲ့ သင့်တော်မယ့် လူ ကို ရှာပေးမှာပါ။ ပြီးမှ မောင်လေးတို့ ဒိတ်မယ့်နေရာကို စီစဉ်ပေးပြီး တစ်ယောက်နဲ့ တစ်ယောက် တွေ့ခိုင်းမှာ။ တွေ့ပြီးမှ သဘာကျတယ်ဆိုလည်း ဆက်တွဲ၊ မကျဘူးဆိုလည်း ရှေ့ဆက်စရာ မလိုဘူး။ အဲ့အချိန်ကျ မောင်လေးတို့ သဘော ဖြစ်သွားပြီ။'

ကျင်းပေါင် သူတို့ကို ရှင်းပြလာတဲ့ အစ်မကြီးရဲ့ စကား နားထောင်ပြီး သူ့ဘေးမှာ ထိုင်နေတဲ့ သူ့ ကော ကိုလည်း ကျနော် မပြောဘူးလား ဆိုတဲ့ အကြည့် ကြည့်လိုက်သည်။

Love is Evil  ( Completed )Where stories live. Discover now