Ep - 20

1.6K 118 6
                                    

မနက်ခင်း တစ်ခုတွင် အရှေ့အရပ်မှာ နေထွက် လို့ လာတာနဲ့ ရောင်နီတွေ ဖြန့်ကျက်လာတယ်။

တစ်ချို့ကျလည်း ပန်းခြံတွေမှာ မနက်ခင်း လေ့ကျင့်ခန်းတွေ သွားလုပ်ရင်း ရှူခင်းတွေ အလှပတွေ မြတ်နိုးတတ်တဲ့ လူတွေကတော့ ဒီလို နေမပြင်းသေးခင် ရောင်နီတွေ နေရောင်ခြည်အဖြစ် မပြောင်းသေးခင် ဓာတ်ပုံတွေ အမိအရ ရိုက်ယူကြတယ်။

လမ်းသွား လမ်းလာတွေ ပြည်သူ လူထုတွေ ကိုယ့် ကိစ္စနဲ့ ကို တစ်ချို့ကျလည်း သာယာနေကြတယ်။ တစ်ချို့ကျလည်း မနက်ခင်း ရောက်ပြီ ဆိုတာနဲ့ နောက်ထပ် တစ်ရက်တာ အတွက် ရုန်းကန်နေကြရတယ်။

ဒါပေမယ့် ပိုက်ဆံ ရှိပြီး မသာယာတဲ့ လူလည်း ရှိပါတယ်။ ဝမ်ရိပေါ် ပါ ...

သူ့ကြောင့်နဲ့ ရဲဌာန လည်း မနေ့ည ညလုံးပေါက် အလုပ် လုပ်နေကြရတယ်။

ရဲဌာန တစ်ခုလုံး မအိပ်ရတာကြောင့် တစ်ချို့လည်း မျက်လုံးတွေ နီနေပြီး၊ တစ်ချို့လည်း ထိုင်ရင်း ငိုက်နေကြတယ်။ တစ်ချို့လည်း ပေါ်တင်ကြီး အိပ်နေလိုက်ပါတယ်။

ရဲဌာန အပြင်ဘက် ပလက်ဖောင်းပေါ်တွင် လူ နှစ်ယောက် ရပ်နေသည်။

နောက်ဆုံးတော့ သူ လိုချင်တာ ရပြီ။ ရိပေါ် သူ့လက်ထဲက လိပ်စာ တစ်ခု ရေးထားတဲ့ စာရွက်ကို ကြည့်ပြီးတာနဲ့ ပြန်ပြီး ဆုပ်ချေပစ်လိုက်သည်။

ထိုစဉ် သူတို့ရှေ့ ကား တစ်စီး ထိုးရပ်လာသည်။ ကားပေါ်က ဆင်းလာသူက သူတို့ အိမ်က ဒရိုင်ဘာ ...

' ကျနော် ခေါ်လိုက်တာပါ။ ဆရာ အခု အဲ့နေရာ ကို တစ်ခါတည်း သွားမလား။'

' ပြီးမှ သွားမယ်။ အခု ရှောင်းကျန့် ရဲ့ ဆိုင်ကို အရင် သွားမယ်။'

' ဟုတ်ကဲ့ ...။'

~~~~~~~~~~~

' မား ... ကျနော် ဘာလီ ကျွန်း သွားဖို့ လက်မှတ် နှစ်စောင် ဖြတ်ထားပြီးပြီနော် ...။'

' ဒါဆို ငါတို့ ကမ်းခြေမှာ ဝတ်မယ့် အဝတ်စားတွေ ထပ်သွားဝယ်ရမှာပေါ့။'

' အခုတော့ စားဖို့ အရင်လုပ်ရအောင် ... မား ဘာချက်ထားလဲ ...။'

' ဘာလို့ ချက်နေမှာလဲ ... မှာ လိုက်ပေါ့။'

Love is Evil  ( Completed )Unde poveștirile trăiesc. Descoperă acum