Ep - 3

3.1K 179 10
                                    

"Sun Flower" အမည်ရ ပေါင်မုန့်ဆိုင်ထဲတွင် ...

ရိလုံ နဲ့ ကျင်းပေါင် သူတို့အရှေ့မှာ လာရပ်နေတဲ့ ရှောင်း ကို နားမလည်တဲ့ မျက်နှာနဲ့ ကြည့်နေကြပါတယ်။

' အဟမ်း ... ငါ ...'

' မင်း ဒီနေ့ အလုပ်မသွားဘူးလို့တော့ မပြောနဲ့နော်။'

' ရှောင်း ကော ကလည်း အလုပ်ရောက်လို့ သူ နဲ့ မျက်နှာချင်း မဆိုင်လည်း ရတာပဲလေ။ အလုပ် မသွားပဲ ရှောင်နေလို့လည်း နောက်ရက်တွေကျ တွေ့ရမှာပဲ။'

ရှောင်းကျန့် သူ့အရှေ့မှာ ရှိတဲ့ ညီအကို နှစ်ယောက်ကို သူ ဖြစ်နေတာတွေ ဘယ်လို ပြောပြရမှန်း မသိပါ။ အမှန်တိုင်း ပြောပြတော့ရော ဒီနှစ်ယောက်က ယုံမှာလား။ ဒါပေမယ့် မပြောပဲ ကိုယ့်ဘာသာ တင်းခံနေရင်လည်း သူ ဘယ်မှာ အလုပ် လုပ်ပြီး ဘာအလုပ် လုပ်လဲ ဆိုတာတောင် သူ မသိပါ။

အဲ့ဒါကြောင့် အနားမှာ ရှိတဲ့ ခုံကို ဆွဲယူထိုင်ပြီး သူ့ကို စူးစမ်းနေကြတဲ့ ညီအကို နှစ်ယောက်ကို တည့်တည့် ကြည့်လိုက်ပြီး ...

' မင်းတို့ အချိန် ခရီးသွား ဆိုတာကို ယုံ လား။'

' ဟမ် !!!!.'

' ကျနော် ယုံတယ်။'

ရှောင်းကျန့် နှစ်ယောက်ထဲက အငယ် ဖြစ်ပုံရတဲ့ ကောင်လေး ဆီက တစ်မဲ ရတာနဲ့ ခေါင်းညိတ်လိုက်ပြီး သူ ဖြစ်နေတာတွေကို ကရား ရေလွှတ်သလို ပြောပြလိုက်သည်။

ရိလုံ ရှောင်း ရဲ့ စကား ဆုံးသွားတာနဲ့ သူ သိချင်တာကို ချက်ချင်း ထုတ်မေးလိုက်သည်။

' ဒါဆို မင်း နဲ့ ငါက ကျောင်းတက်ကတည်းက သိနေတာကျတော့ရော ...'

' အင်းနော် ...။ ဒါဆို ကျနော် နဲ့ ကော နဲ့ကို ခင်မင်ကြတဲ့ အချိန်တွေကလည်း ရှောင်း ကော ရဲ့ အချိန်ခရီးသွားထဲကပဲ ဖြစ်ပျက် သွားခဲ့တာပေါ့။

Wow !!!! မိုက်တယ်။ မျက်စိ တစ်မှိတ်အတွင်းမှာ ဘာမှတောင် အားထုတ်စရာ မလိုပဲ ဘဝ တစ်ခုလုံး ပြောင်းလဲသွားတာ။'

ရှောင်းကျန့် သူ့ကို လက်မ ထောင်ပြလာတဲ့ ကောင်လေးကို အောင့်သက်သက် ပြုံးပြလိုက်ပြီး ...

Love is Evil  ( Completed )Where stories live. Discover now