အပိုင်း(၃၄)

Start from the beginning
                                    

အိမ်အောက်ဆင်းခါနီး ခဏနေအုံးဆိုကာ မိဝေတစ်ယောက် ဘာတွေရွတ်ဆိုနေတယ်မသိ သပြေခတ်ဖြင့် ရေတွေတောက်ချကာ မိမိကိုယ်ကို ပတ်ခြာလှည့်၍ တောင်းဆုပြုနေပုံရ၏။

" မိဝေ...နောက်ကျလိမ့်ဟ..."

" အို...အစ်မတိူ့က ကိုးကွယ်ရာဘာသာတွေ မတူပေမယ့်...ကိုငယ်အတွက်အစ်မတို့ဘာသာရေး အယူထုံးတမ်းအတိုင်း ကံကောင်းခြင်း ပရိတ်ရေလေးကို သပြေခတ်လေးနဲ့ ဖျန်းတောက်ပေးတာ...ငါမောင်လေး...အရွေးခံရပါစေ! အန္တရာယ်ကင်းပါစေ! ကံကောင်းလို့ အောင်မြင်ပါစေ! .."

ပါးစပ်ကလည်း မပြတ်ရွတ်ဆိုကာ သပြေခတ်လေးဖြင့် လွယ်အွေ့လေးရဲ့ ခေါင်းလေးပေါ်ကို ခတ်ကာ မျက်လုံးလေးမှတ်ပြီး တောင်းဆုပြုနေတဲ့မိဝေကို အိမ်အဝင်ဝမှ ခါးထောက်ရပ်ကာ ကြည့်နေတဲ့ ကိုသာထက်က ပြုံးလျှက်သား ခေါင်းခါပြနေသေးသည်။

" အယူရှိလို့ မပြောတော့ဘူး...ဒါပေမယ့် နင်မပူနဲ့မိဝေ..နင့်မောင်သေချာပေါက် အရွေးခံရမှာ.."

" ဘယ်လိုနေနေတော်...အရွေးခံရဖို့က ကျုပ်တို့ကလေး ရည်မှန်းချက်မို့.မကျန်အောင်လုပ်ရမှာပဲ .."

" အေးပါဟာ...နောက်ကျတော့မယ်..ကိုငယ်..သွားရအောင်.."

" ဟုတ်..."

" စိတ်ချနော်.."

" စောင့်နေမယ်...ကိုငယ်...ကြိုးစားခဲ့..."

" အေးပါ..."

ပြုံးလျှက်သားနူတ်ဆက်နေတဲ့ မိဝေပါးက ပါးကွက်ကြားကြီး အထင်သား ပြုံးလျှက်လက်ပြနူတ်ဆက်နေပြန်သေးသည်။

ကိုကိုပြေ့ဘုန်းမာန်နဲ့ အဆင်ပြေကတည်းက စောင့်ကြည့်ကိုယ်ရံတော်တွေ မထားတော့ပဲ အပြင်သွားတိုင်း အနားမှ အစောင့်ရှောက်က အမြဲပါသည်ကိုတော့ လွယ်အွေ့လေး သတိထားမိ၏။
ဘာမဟုတ်တဲ့ ကိုယ်လို ခြေမသန်တဲ့ ဒုက္ခိတလေးကို ဖေကြီးကပါ အနားမှအစောင့်ထားပေးသေး၏။ ကိုယ့်အခြေအနေ၊ ပတ်ဝန်းကျင် အရိပ်အကဲတို့ကို ဖေကြီးလက်ခံလာအောင်ရှင်းပြပြီးမှ အနားမရှိစေပဲ အပြင်ထွက်တိုင်း နောက်ပါးဆီမှ အမြဲကပ်ပါလာတက်သော ကားအကောင်းစားတစ်စင်းရှိသေး၏။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now