"မင်းက ကိုယ်တော့်ရဲ့ရှောင်း မဟုတ်ဘူး "
ဆင့်ခေါ်မှုကြောင့် ရောက်လာရတဲ့ ရှောင်းကျန့်က ဘုရင်ကြီးနှုတ်ဖျားမှ ထွက်လာတဲ့ စကားကြောင့် ထိတ်လန့်ရမယ့်အစား
ကျေနပ်မိသလိုလိုဘုရင်က သူ့ကို ကြင်ယာတော်ရှောင်းအဖြစ်မမြင်ပေးတာ ကျေးဇူးတင်စရာကောင်းတာပေါ့
ဘုရင်ကြီးကို ရှောင်းကျန့်အနေနဲ့ပဲ ချစ်ပေးချင်သလို ကံတရားက ငဲ့ညှာပြီး
ဘုရင်ကြီးက ပြန်ချစ်ပေးခဲ့ရင်လည်း ရှောင်းကျန့်အနေနဲ့ပဲ အချစ်ခံချင်တယ်တခြားသူတစ်ယောက်လို မြင်ပြီး ယုယကြင်နာတာမျိုးလက်မခံချင်
"အပြန်စကားမရှိဘူး ဆိုတော့ဟုတ်နေတာပဲ
မင်းက ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ အဓိကက ကြင်ယာတော် ရှောင်းက ဘယ်ရောက်သွားတာလဲ
သင့်တင့်လျောက်ပတ်တဲ့အဖြေမျိုးမဟုတ်ရင် မောင်းမင်း သေဒဏ်ကျသင့်မှာပဲ "ရှောင်းကျန့် ကသေရမှာမကြောက်ဘူး
ဒီနေရာက သူ့နေရာမှ မဟုတ်ပါဘဲ
ဒါပေမယ့် ဘုရင်ကြီးရဲ့ စကားကို နားထောင်ရင်း ရှောင်းကျန့်ဝမ်းနည်းသွားတယ်
ဘုရင်ကြီးစိတ်ထဲမှာ သူ့ကြင်ယာပဲ ရှိတယ် ကိုယ့်အတွက်နေရာမရှိ
ဒါက ရှောင်းကျန့်ကို တော်တော်လေးဝမ်းနည်းစေတဲ့အချက်ပဲ"ဝမ်အရှင် ထင်တာ အမှန်ပါပဲ
ကျွန်တော်က အရှင့်ရဲ့ကြင်ယာတော် ရှောင်းကျန့် မဟုတ်ပါဘူး
ကျွန်တော်က အနာဂတ်က ရှောင်းကျန့်ပါ မယုံလောက်ပေမယ့် အမှန်တရားပါ "တည်ကြည်နေတဲ့မျက်နှာတော်က ချက်ချင်းပင် ပျက်ယွင်းသွားသည်
လက်ခံနိုင်လောက်တဲ့အကြောင်းအရာ မဟုတ်ပေမယ့်
ပြောသူကလည်း တည်ငြိမ်းလွန်းနေပြန်ရာ လိမ်နေဟန်မပြ"မဖြစ်နိုင်ဘူး "
ဘုရင်ကြီးရဲ့ တုံ့ပြန်စကားကြောင့် ရှောင်းကျန့်ရဲ့တစ်ချက်ပြုံးလိုက်မိသေးတာ
လက်တွေ့ ကြုံရသူကလွဲရင် ဘယ်သူက ဒီလိုအကြောင်းအရာမျိုးကို နားလည်သဘောပေါက်နိုင်မှာတဲ့လဲ"ကျွန်တော်လည်း ရှင်းမပြတတ်ဘူး
ဝမ်အရှင် လိုရာတွေးနိုင်တယ်
သေချာတာ တစ်ခုကလည်း ကျွန်တော်က အရှင့်ရဲ့ ကြင်ယာမဟုတ်တာဘဲ "
YOU ARE READING
Oh My Crush, Emperor Wang [Complete]
Fanfiction2023မှာ လာစုံစမ်းကြည့်လိုက်အုံး ရှောင်းကျန်ဆိုတာ ပုရိသတိုင်း နှုတ်ခမ်းနီမလေးတိုင်းရဲ့ အချစ်တော်လေးပါ နည်းနည်းလေးတောင် စောင်းငဲ့ကြည့်မလာတာတော့ မလွန်လွန်းဘူးလား ဝမ်ဧကရာဇ်ကြီးရာ