မနက်အလင်းရောင်ပင် ကောင်းကောင်းမကျသေးချိန် အာရုဏ်ဦးမှာပဲ ဝမ်အရှင်နဲ့နောက်ပါ တစ်သိုက် ဘုရင့် နန်းဆောင်သို့ အလျင်အမြန် ပြန်နေသည့်မြင်ကွင်းက
အပျိုတော်လေးများ အဖို့ တီးတိုးပြောစရာ သတင်းတစ်ခု ဖြစ်လို့နေသည်ဝမ်အရှင်က ကြင်ယာတော်ရှောင်းကို မလွန်ဆန်ရဲဘူး ဆိုတာမျိုးပေါ့
အမှန်တကယ်မှာလည်း ဝမ်အရှင် အလျင်လိုနေရသည့်အကြောင်းက သူရဲ့ အိပ်ဆောင်မှာရှိနေမယ့် ကျန့်ကြောင့်ပဲ ဖြစ်သည်
"အထိန်းတော်ကြီး သတင်းကို သေချာဖုံးဖိထားရဲ့လား "
"စိုးရွံ့မိတာပါတယ် အရှင်
အဓိကအကြောင်းကို ဖုံးလိုက်နိုင်ပေမယ့်
အရှင် လျှိုမိဖုရားနဲ့ အိပ်ဆောင်ဝင်တယ်ဆိုပြီးတော့ သတင်းပြန့်သွားပါတယ် ""ကျန့်နားအထိ ရောက်သွားတာလား "
"ဟုတ်ကြောင်းပါအရှင် "
"တောက်စ် နန်းတွင်းလူတွေ အလုပ်မလုပ်ပဲ
အတင်းပဲပြောနေကြတာ ဖြစ်မယ်
မဟုတ်မမှန်ပြောတဲ့သူတွေ အကုန်
တစ်ယောက်မကျန် အပြစ်ပေးလိုက်ပါ အထိန်းတော်ကြီး "သူ့ရဲ့နန်းဆောင်ထဲမဝင်ခင် နောက်ဆုံးမိန့်ခဲ့တဲ့ စကား ဖြစ်တာကြောင့်
အထိန်းတော်ကြီးမှာ မနေသာ
ချက်ချင်းပင် အတင်းပြောသူများအားဖော် ထုတ်အပြစ်ပေးရတော့သည်ဝမ်အရှင်ကိုယ်တိုင်ကတော့ ဝမ်းနည်းနေမယ့် သူရဲ့ သက်ဆိုင်သူလေးဆီသို့.........
..........
ဝမ်ရိပေါ်
ပုံမပျက်လှလှပပလေး အိပ်စက်နေတဲ့ သူ့ရဲ့ ကျန့်အနား သွက်သွက်လေးသွားကာ
ကျန်ရဲ့ဘေးနဲ့ ဝင်ထိုင်လိုက်ရင်း
ကျန့်ရဲ့မျက်နှာလှလှလေးကို တစ်မေ့တစ်မော ကြည့်လိုက်သေးတာသူထင်တဲ့အတိုင်းပင် ကျန့်ဘယ်လောက်ဝမ်းနည်းခဲ့ရကြောင်းကို မျက်တောင်စိုစိုလေးတွေက ပြသနေသည်
အတွေးများလိုက်ကျန့်ရယ်
ရိပေါ် ကျန့်ရဲ့ မျက်ခွံဖောင်းမောင်းလေးတွေကို အနမ်းခပ်ဖွဖွပေးပြီးနောက်
YOU ARE READING
Oh My Crush, Emperor Wang [Complete]
Fanfiction2023မှာ လာစုံစမ်းကြည့်လိုက်အုံး ရှောင်းကျန်ဆိုတာ ပုရိသတိုင်း နှုတ်ခမ်းနီမလေးတိုင်းရဲ့ အချစ်တော်လေးပါ နည်းနည်းလေးတောင် စောင်းငဲ့ကြည့်မလာတာတော့ မလွန်လွန်းဘူးလား ဝမ်ဧကရာဇ်ကြီးရာ